ပင်လုံမြို့၌ မိုးရာသီသစ်ပင်စိုက်ပျိုး

ပင်လုံ ဇူလိုင် ၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့် ရေးဦးစီးဌာန၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း(ပင်လုံ)တွင် ယမန်နေ့ နံနက် (၈)နာရီအချိန်က မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့ပါသည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ ရှမ်းပြည်နယ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးရွှေဝင်း၊ ပင်လုံမြို့ကျောင်းအုပ်ကြီး ဦးသိန်းထွန်းနှင့် ဝန်ထမ်းများ၊ ကျောင်းသား/ ကျောင်းသူများ၊ ပင်လုံမြို့အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာများက နှစ်ရှည်သီးနှံပင်များဖြစ်သော ချယ်ရီပင် (၆၀)ပင်၊ ထောပတ်ပင် (၇၀)ပင်၊ ရေသင်းဝင်(၆၀)ပင်၊ စိန်ပန်းပင် (၈၀)ပင် ၊ သင်္ဘောပင် (၆၀)ပင်၊ ဒန့်ဒလွန်(၅၀) ပင်၊ မယ်ဇလီ ပင် (၇၀) ပင် စုစုပေါင်းပျိုးပင် (၄၅၀)ပင်စိုက်ပျိုးပေးခဲ့ကြောင်းသိရသည်။

မြို့နယ် ပြန်/ဆက်