ပြည်သူ့စာကြည့်တိုက်တွင် ကာကွယ်ဆေးဖျန်းခြင်း ဆောင်ရွက်
Jul 04,2021
စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ်၊ ပြည်သူ့စာကြည့်တိုက်အား ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ နေ့စဉ်ဖွင့်လှစ်ပေးလျက်ရှိရာ စာငှားသူများ နေ့စဉ်လာရောက်ဝင်ထွက်လျက်ရှိပြီး ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့နယ်ကြက်ခြေနီတပ်ဖွဲ့က ယနေ့တွင် ကာကွယ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပေး ခဲ့သည်။