ညောင်ဦး ဇွန် ၄
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်အတွင်းရှိ သောက်သုံးရေရှားပါးသည့် ကျေးရွာများနှင့် တဲတိုက်များအတွက် မိုးတွင်းအချိန်နှင့်ရေလှူဒါန်းချိန်များတွင် ရေသို လှောင်နိုင်ရန် ရေဂါလံ ၅၀၀၀ဆံ့ ရေအုတ်ကန်များကို တစ်ဦးခြင်းအလှူရှင်များနှင့် ရန်ကုန်မြို့၊ ဝေမျှခြင်း အသင်းတို့မှ ရေအုတ်ကန်များလှူဒါန်းပေးလျက်ရှိကြောင်း အေးမေတ္တာ သောက်ရေအလှူတော်အသင်းထံက သိရသည်။
ညောင်ဦးမြို့နယ်တွင် သောက်သုံးရေရှားပါးသည့်ကျေးရွာ အမြောက်အများကျန်ရှိ နေသေးပြီး၊ စက်ရေတွင်းရှိသည့်ကျေးများတွင်လည်း ထုံးဓာတ်ပါဝင်မှုများပြားခြင်းများကြောင့် သောက်သုံး ၍မရခြင်း၊ ထမင်းဟင်းချက်လျှင်လည်း ပျက်စီးမြန်ခြင်းများကြောင့် သောက်သုံးရေ အလှူရှင် များလှူဒါန်းသည့် ရေကိုသာမှီခိုအားထားနေရကြောင်းနှင့် မိုးကောင်းသည့်နှစ်များတွင် မြေသား ရေလှောင်ကန်များမှ ရေကိုလည်းမှီခိုအားထားနေရ ကြောင်းသိရသည်။ ယနေ့တွင်လည်း ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဥက္ကလာပမြို့နယ်မှ ဦးဘိုဘိုလွင်မိသားစုမှ ရေအုတ်ကန်နှင့် အမိုးများလှူဒါန်းပေးခဲ့ကြောင်းသိရသည်။ ညောင်ဦးမြို့နယ် သုံးထောင်ဂဲတဲတိုက်နှင့် သဲဘုံမ တဲတိုက်အတွက် သောက်သုံးရေသို လှောင်ကန် ရေဂါလံ ၅၀၀၀ဆံ့လှူဒါန်းပေးခဲ့ကြောင်း အေးမေတ္တာသောက်ရေအလှူတော် အသင်းထံကသိရသည်။ ညောင်ဦးမြို့နယ်တွင် သောက်သုံးရေသိုလှောင်ကန်များအား ရေရှားပါးသည့် ကျေးရွာ/တဲတိုက်များအတွက် ရေဂါလံ ၅၀၀၀ဆံ့ ရေအုတ်ကန် (၁၃)လုံးလှူဒါန်းထားရှိပြီးဖြစ်ကာ ကျန်တဲတိုက်များအတွက်လည်း လှူဒါန်းနိုင်ကြောင်း၊ အေးမေတ္တာ သောက်ရေအလှူတော်အသင်းမှ ကုသိုလ်ဖြစ်အကျိုးဆောင် လုပ်ဆောင်ပေးလျက်ရှိကာ ဖုံးနံပါတ် ၀၉၆၉၆၉၂၆၂၆၃ သို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း လည်းသိရသည်။
ကိုထိန်၊KPD