သတင်းများ

မိုးကောင်းမြို့၌ COVID-19ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရန်အတွက် Mask Campaign ပြုလုပ်
Jul 04,2021
COVID-19ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရန်အတွက်တိုင်းဒေသကြီးနှင့် ပြည်နယ်အ သီးသီးတွင် Mask Campaign များပြုလုပ်လျက်ရှိပြီး ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့တွင်လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ မိုးကောင်းမြို့ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်း၍ လူစည်ကားရာ မန္တလေး-မြစ်ကြီးနားပြည်ထောင်စုလမ်းမ မီးပွိုင့်လမ်းဆုံ၊ မြို့မဈေးနှင့် ပျံကျ ဈေးများတွင် ပြည်သူလူထုအား COVID-19ရောဂါကာကွယ်ရေးဆိုင်ရာ Maskများ ဝေငှခြင်း ကို ယမန်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြောက်ဦးမြို့၌ နှာခေါင်းစည်းများတပ်ဆင် သွားလာရေး Mask Campaign ဆောင်ရွက်
Jul 04,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သော မြန်မာနိုင်ငံအမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မြို့နယ်အတွင်း လတ်တလော အသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အတွက် နှာခေါင်းစည်းများတပ်ဆင်ရေး လူထုလှုပ်ရှားမှု Mask Campaign ပြုလုပ်ခြင်းကို ယမန် နေ့ နံနက် ၈ နာရီအချိန်က မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရေဘေးအန္တရာယ်ကာကွယ်ရေးအတွက် ခရီးသွားပြည်သူများအား  Life Jacket များ စနစ်တကျဝတ်ဆင်ရေး အသိပညာပေးဆောင်ရွက်
Jul 04,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ အနေဖြင့် မိုးရာသီရေဘေးအန္တရာယ်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်တပ်ဖွဲ့ များမှ ရေလမ်းခရီးဖြင့်သွားလာကြသော ပြည်သူများကျောင်းသား/သူများနှင့် မြို့မဈေးကြီးသို့ ဘုတ်၊ စက်လှေများဖြင့် ဈေးဝယ်ရန်လာရောက်ကြသော ပြည်သူများအား အသက်ကယ် အင်္ကျီ(Life Jacket)များ စနစ်တကျဝတ်ဆင်အသုံးပြုတတ်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၈ နာရီက အဆိုပါနေရာများသို့သွားရောက်ပြီး လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျောက်ဆည်မြို့တွင် အသက်(၈၀)နှစ်အထက် သီလရှင်ကြီးများအား လှူဖွယ်ပစ္စည်းများနှင့်ဝတ္ထုငွေများလှူဒါန်း
Jul 04,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အသက်(၈၀)နှစ် အထက် သီလရှင်ကြီးများအား လှူဖွယ်ပစ္စည်း(၅)မျိုးနှင့် ဝတ္ထုငွေလှူဒါန်းခြင်းကို ယနေ့နံနက် (၉)နာရီခွဲက ဝေဘူချောင် သာသနာနယ်မြေ ပညာပါရမီ သီလရှင်ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ကွမ်းခြံကုန်းမြို့နယ်တွင် မြို့နယ်လုံးဆိုင်ရာ မဟာဘွဲ့နှင်းသဘင်နှင့် စူဠဘွဲ့နှင်းသဘင် ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကျင်းပ
Jul 04,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၌ ဝိနည်းစာပြန်ပွဲ စာအောင်သံဃာ/ သီလရှင်များအား စာအောင်လက်မှတ်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းသည့် မြို့နယ်လုံးဆိုင်ရာမဟာဘွဲ့ နှင်းသဘင်နှင့် စူဠဘွဲ့နှင်းသဘင်ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကို ယမန်နေ့က ကံကြီး/မကျီးရပ်ကွက်၊ ဓမ္မိကာရုံကျောင်းတိုက်တွင် ကျင်းပပြုလုပ်သည်။
ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာ (၂)ဦး ထပ်မံတွေ့ရှိ
Jul 04,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်၊ ဘုရားကလေးကျေးရွာအုပ်စု၊ ကင်းချောင်းဝ ကျေးရွာနေ ကိုဗစ်-၁၉ ပိုးတွေ့လူနာနှင့် ထိစပ်ခဲ့သူများ၏ နှာခေါင်းနှင့် အာခေါင်တို့ပတ်များအား NHL(ရန်ကုန်မြို့)သို့ ပေးပို့စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြုလူနာ (၂)ဦး ယမန်နေ့ ညပိုင်းက ထပ်မံတွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာနက သိရသည်။
  အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများကို Swabယူစစ်ဆေးရာ (၅၁)ဦး ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိ
Jul 04,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကူးစက် ပျံ့နှံ့မှု မရှိစေရန် ရည်ရွယ်၍ အင်းစိန်မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သူများနှင့် ထိတွေ့ ဆက်စပ်ခဲ့သူများကို Swabယူ စစ်ဆေးရာ (၅၁)ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။
ငါးသိုင်းချောင်းမြို့၌ လေဘေးသင့်‌နေအိမ်အမိုးလန်ပျက်စီး အိမ်ထောင်စုဝင်များသို့ ကယ်ဆယ်ရေးပစ္စည်း ထောက်ပံ့ပေးအပ်
Jul 04,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငါးသိုင်းချောင်းမြို့၊ ကက္ကူ‌လေးကျေးရွာအုပ်စု၊ ကက္ကူလေးကျေးရွာတွင် ဇွန်လ ၁၈ ရက်နေ့ မွန်းလွဲ(၂)နာရီ (၁၅) မိနစ်အချိန်က လေပြင်းတိုက်ခတ်မှုကြောင့် အဆိုပါကျေးရွာရှိ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နေအိမ် (၁)လုံး အမိုးလန်ပျက်စီးခဲ့ရာ ယင်းနေအိမ်အမိုးလန်ပျက်စီးအိမ်ထောင်စု(၁)စုအား ကျေးရွာအတွင်းရှိ နီးစပ်ရာဆွေမျိုးသားချင်းများနေအိမ်၌ ယာယီရွှေ့ပြောင်း နေရာချထားပေးခဲ့ကြောင်း သိရသည်။