လှိုင်းဘွဲ ဇူလိုင် ၄
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာတွေ့ရှိပြီးဖြစ်ရာ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်နှံ့မှု ကြိုတင်ကာကွယ်ထိန်းချုပ်ရေး၊ ပြည်သူများအပြင်သွားရာတွင် နှာခေါင်းစည်းမဖြစ် မနေ တပ်ဆင်ရေးအတွက် Mask campaign ဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက လူစည်ကား ရာ နေရာများတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအောင်မျိုးမြင့်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ လူမှုကယ်ဆယ်ရေးအဖွဲ့၊ ကြက်ခြေနီ တပ်ဖွဲ့နှင့်တာဝန်ရှိသူများက စည်ပင်သာယာမြို့မဈေးအတွင်း ဈေးရောင်းဈေးဝယ်သူများ အနေဖြင့် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလမ်းညွန်ချက်နှင့်အညီ ရောင်းဝယ်ခြင်းရှိ/မရှိ စစ်ဆေးခြင်း၊ နှာခေါင်းစည်းမဖြစ် မနေတပ်ဆပ်ရေး အသိပညာပေးခြင်းဆောင်ရွက်ခဲ့ပြီး စည်ပင်သာယာမြို့မဈေး ရှေ့နှင့် လူစည်ကားရာ နေရာများတွင် အပြင်သွားလာသော ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါမဖြစ်ပွားစေရေးအတွက် မဖြစ်မနေ နှာခေါင်းစည်း တပ်ဆင်ကြရန်၊ လူစုလူဝေး ရှောင်ကြဉ်ခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွန်ကြားချက်နှင့် အညီ လိုက်နာ ဆောင်ရွက်ကြရန် အသိပညာပေး ဆောင်ရွက်ခြင်း၊ ပြည်သူ့များ အပြင်သွားရာတွင် နှာခေါင်းစည်း Mask တပ်ဆင်ခြင်း မရှိသူများအား Mask ဖြန့်ဝေခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)