လှိုင်းဘွဲ ဇူလိုင် ၄
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ၂၀၂၁ခုနှစ် ဇူလိုင်လ(၃)ရက်နေ့တွင် ကျရောက်သည့် မြန်မာ့အမျိုးသမီးများနေ့ အထိမ်းအမှတ်အဖြစ် မြန်မာအမျိုးသမီးများ၏ ကျန်းမာရေး၊ ပညာရေး၊ စီးပွားရေးမှအစ အမျိုးသမီးများ၏ အခွင့်အရေးနှင့်ဘဝများကို ထိန်းသိမ်း စောင့်ရှောက် မြင့်တင်ပေးရန် ရည်ရွယ်၍ အမျိုးသမီးများနေ့ အထိမ်းအမှတ် အသိပညာပေး နံရံကပ်ဓါတ်ပုံပြသခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြသကြောင်း သိရသည်။
အဆိုပါ အသိပညာပေး နံရံကပ်ဓါတ်ပုံမှာ မြန်မာအမျိုးသမီးများ၏ ဂုဏ်ပြုသော အသိပညာပေး ဓါတ်ပုံများ၊ မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ အမျိုးသမီးကော်မတီအဖွဲ့မှ ၁၉၉၆ခုနှစ်၊ ဇူလိုင်လ(၃)ရက်နေ့တွင် မြန်မာအမျိုးသမီးများနေ့ဟု စတင်သတ်မှတ်ခြင်း၊ မြန်မာအမျိုးသမီးများသည် အမျိုးသားများနှင့် ရင်ဘောင်တန်း၍ မိမိအကျိုး၊ အများအကျိုး၊ သာသနာအကျိုးများ ဆောင်ရွက်နိုင်ရေး၊ ကမ္ဘာ့နိုင်ငံများရှိ အမျိုးသမီးများက နိုင်ငံတကာ အမျိုးသမီးလှုပ်ရှာမှု ပြုလုပ်ပြီး အမျိုးသမီးများသည် အမျိုးသားများနှင့် တန်းတူ အခွင့်အရေးများ ရရှိနိုင်ရန်၊ တန်းတူဆက်ဆံခွင့်ရရှိနိုင်ရန် စသည့် အသိပညာပေး စာစောင်များ ပါဝင်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)