ကျုံပျော် ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် Mask များ အခမဲ့ ဖြန့်ဝေခြင်းကို ဇူလိုင် ၄ ရက်က ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး၊ ဗိုလ်ချုပ်လမ်း၊ အင်းရဲလမ်းနှင့် တာသစ်လမ်းဆုံတို့တွင် သွားလာကြသော ပြည်သူများထံသို့ Mask များ အခမဲ့ ဖြန့်ဝေပြီး၊ Mask တပ်ဆင်မှု ရှိ/မရှိနှင့် ရောဂါကာကွယ်ရေးအတွက် အပြင်ထွက်တိုင်း Mask တပ်ဆင်သွားလာရေးတို့ကို အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျုံပျော်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးအတွက် တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီက ထုတ်ပြန်ထားသည့် အသိပေး ကြေငြာချက်များကို ရပ်ကွက်နှင့် ကျေးရွာများတွင် အများပြည်သူသိရှိစေရန် လှည့်လည် ကြေငြာခြင်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)