ကျောက်တန်းမြို့နယ်တွင် ကိုဗစ်-၁၉ ယာယီဆေးကုသရေးစင်တာ ပြင်ဆင်ဆောင်ရွက်
Jul 05,2021
ကိုဗစ်-၁၉ ရောဂါသည် ကမ္ဘာ့နိုင်ငံများတွင်သာမက မြန်မာနိုင်ငံတွင်လည်း လျင်မြန်စွာ ကူးစက်ပျံ့နှံ့လျက်ရှိရာ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကျောက်တန်းမြို့နယ်တွင်လည်း စတင်ကူးစက်ပျံ့နှံ့လာသည့်အတွက် ရွှေမှော်ဝန်းသာသနာ့ဗိမာန်အား ကိုဗစ်-၁၉ ယာယီဆေးကုသရေး စင်တာအဖြစ် ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။