မအူပင်မြို့၌ ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးခြင်း နှင့် ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ

မအူပင် ဇူလိုင် ၅
 
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရေး၊ ကူးစက်ပျံ့နှံ့မှုမရှိစေရေးနှင့် ပြည်သူများအနေဖြင့် နေအိမ်ပြင်ပသို့ ထွက်ခွာ သွားလာပါက ပါးစပ်နှာခေါင်းစည်းတပ်ဆင်သွားလာသည့် အလေ့အကျင့်ဖြစ်စေရန် ရည်ရွယ်၍ ယနေ့ နံနက် ၈ နာရီမှစတင်၍ လူစည်ကားရာဘုရားလမ်းနှင့် တေဇလမ်းထောင့်၊ အခွန်လွတ်စျေး၊ (၃)လမ်း စျေးနေရာများတွင် ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
 
အဆိုပါ ပါးစပ်နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခြင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနခရိုင်မြို့နယ်(SH)မှုခင်းသတင်း ပရဟိတအဖွဲ့နှင့် အဖွဲ့ဝင်များ အရံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင် များ ပူးပေါင်း၍ ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရမှု မရှိစေရေး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ လိုက်နာနေထိုင်ကြစေရေး၊ နေအိမ်ပြင်ပသို့ ထွက်ခွာသွားလာပါက ပါးစပ်နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင် သွားလာကြစေရေး အသိပညာပေး ပြောကြားခဲ့ပြီး ဈေးရောင်း၊ ဈေးဝယ်လာသူများ၊ ခရီးသွားပြည်သူများနှင့် လမ်းသွားလမ်းလာများအား ပါးစပ်နှာခေါင်း စည်းများ အခမဲ့ ဖြန့်ဝေပေးခဲ့ကာ ခရိုင်/ မြို့နယ်(SH)မှုခင်း သတင်း ပရဟိတ အဖွဲ့က လှူဒါန်းသည့် ပါးစပ်နှားခေါင်းစည်း (၂၅၀၀)အား အခမဲ့ဖြန့်ဝေပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အောင်ခိုင်