မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီက ကြီးမှူးကျင်းပသည့် မြန်မာအမျိုးသမီး များနေ့ အထိမ်းအမှတ်အခမ်းအနား၌ တိုင်းဒေသကြီးအတွင်းရှိ ထူးချွန် အမျိုးသမီးများအား ဆုချီးမြှင့် 

မကွေး ဇူလိုင် ၅

မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီက ကြီးမှူး၍  မြန်မာအမျိုးသမီးများနေ့ အခမ်းအနားကို ဇူလိုင်လ ၄ ရက် ယနေ့နံနက် ၉ နာရီခွဲ အချိန်က မကွေးမြို့ မကွေးမူလတန်းကြိုကျောင်း ခန်းမတွင် ကျင်းပရာ  မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီးစီမံ အုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင် (၂) ဦးအောင်ချိန် တက်ရောက်လမ်းညွှန်အမှာစကား ပြောကြားသည်။ 

အခမ်းအနားတွင် မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၊ အဖွဲ့ဝင်(၂) ဦးအောင်ချိန်က မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာ ကော် မတီကို ၁၉၉၆ ခုနှစ်၊ ဇူလိုင်လ ၃ ရက်နေ့မှာ ဖွဲ့စည်းခဲ့ပြီး စတင်ဖွဲ့စည်းခဲ့တဲ့ ဇူလိုင်လ ၃ ရက်နေ့ကို မြန်မာအမျိုးသမီးများနေ့အဖြစ် ၁၉၉၈ ခုနှစ်ကစ၍ နှစ်စဉ်တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျင်းပခဲ့ ကြောင်း၊ အမျိုးသမီးများရဲ့ ဘဝဖွံ့ဖြိုးတိုးတက်စေခြင်းဟာ မိသားစုများရဲ့ဘဝကို တိုးတက်စေသလို စီးပွားရေးဖွံ့ဖြိုးမှု၊ ငြိမ်းချမ်းရေးနှင့် တန်းတူညီမျှရရှိမှုတို့ကိုပါ ဆင့်ပွားရရှိစေမှာဖြစ်ကြောင်း၊ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမျိုးသားများနှင့်အတူ အမျိုးသမီးများက တစ်တပ်တစ်အားပါဝင် ဆောင် ရွက်ပေးကြဖို့၊ မိမိတို့နိုင်ငံအနေနဲ့ ဆင်းရဲနွမ်းပါးမှု ပပျောက်ရေးနဲ့ ထောင်စုနှစ်ရည်မှန်းချက်များ အကောင်အထည်ဖော်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာမှာ အမျိုးသမီးအခွင့်အရေးများ အပြည့်အ၀ ရရှိဖို့နဲ့ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေး ကျား၊ မ ရေးရာ တန်းတူညီမျှရေးလုပ်ငန်းများကိုလည်း ယခုထက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားကြဖို့ တိုက်တွန်းပြောကြားသည်။ 

ဆက်လက်၍ မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီအတွင်းရေးမှူး၊ မကွေးတိုင်းဒေသကြီး လူမှု ဝန်ထမ်းရုံးမှ ညွှန်ကြားရေးမှူး၊ ဦးအေးမင်းညွန့်က မြန်မာအမျိုးသမီးများနေ့ ဖြစ်ပေါ်လာပုံနှင့် တိုင်းဒေသကြီးအတွင်း အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။ 

ဆက်လက်ပြီး တိုင်းဒေသကြီးအတွင်းမှ ၂၀၁၉-၂၀၂၀ ခုနှစ်အတွင်း ထူးချွန်အမျိုးသမီးဆုများ ချီးမြှင့်ခြင်း ဆောင်ရွက်ရာ တိုင်းဒေသကြီးအတွင်း အကြိမ်အများဆုံးသွေးလှူရှင် အမျိုးသမီးထူးချွန်ဆု၊  ၂၀၁၉-၂၀၂၀ ခုနှစ် ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်တန်း စာမေးပွဲတွင် သိပ္ပံဘာသာတွဲဖြင့် အောင်မြင်ခဲ့သော အမှတ်အများဆုံးရရှိသူ ကျောင်းသူထူးချွန်ဆု၊ တိုင်းဒေသကြီးအတွင်း ၂၀၁၉-    ၂၀၂၀ ခုနှစ် ပညာသင်နှစ်အတွင်း တက္ကသိုလ်ဝင်ထမ်းစာမေးပွဲတွင် ဝိဇ္ဇာဘာသာတွဲဖြင့် အောင်မြင်ခဲ့ သော အမှတ်အများဆုံးရရှိသူ ကျောင်းသူထူးချွန်ဆု၊ ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွင်း တက္ကသိုလ် ဝင်ထန်းစာမေးပွဲတွင် ဝိပ္ပံဘာသာတွဲဖြင့် အောင်မြင်ခဲ့သော အမှတ်အများဆုံးရရှိသူ ကျောင်းသူ ထူးချွန် ဆု၊ အမျိူးသမီးများနှင့်ပတ်သက်သော လူမှုရေးလုပ်ငန်းများတွင် စွမ်းစွမ်းတမံ ဆောင်ရွက် ခဲ့သော အမျိုးသမီးထူးချွန်ဆု ရရှိသူများအား မကွေးတိုင်းဒေသကြီး အမျိုးသမီးကော်မတီဥက္ကဋ္ဌ၊ မကွေးတိုင်း ဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်(၂)ဦးအောင်ချိန်နှင့် တာဝန်ရှိသူတို့က ဂုဏ်ပြုဆုများ အသီးသီးချီးမြှင့် ပေးအပ်ခဲ့ကြောင်း သိရသည်။

မောင်ညီညာ(မကွေး)