အိမ်မဲမြို့နယ်တွင် ကိုဗစ်(၁၉)ကြိုတင်ကာကွယ်ရေးအတွက် Mask မတပ်သူများအား"ယခုဝယ်၊ယခုတပ်"စနစ်ဆောင်ရွက်

အိမ်မဲ   ဇူလိုင်  ၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် ကိုဗစ်(၁၉)ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ အိမ်မဲမြို့အဝင် ဘုရင့်နောင်ချွန်းအနီးတွင် မြို့နယ်အတွင်း ကိုဗစ်(၁၉)ရောဂါ ကူးစက်ပြန့်ပွားမှုမဖြစ်ပေါ်စေရေးအတွက် Mask မတပ်သူများကို "ယခုဝယ်၊ ယခုတပ်"စနစ်ဖြင့် ယနေ့နံနက်၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများကို အိမ်မဲမြို့နယ် ကိုဗစ်(၁၉)ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ တာဝန်ရှိသူများက အိမ်မဲမြို့အဝင်တွင် အပြင်ထွက်သွားလာကြသော ခရီးသွား ပြည်သူများအား နှာခေါင်းစည်းမတပ်ကြသူများ၊ မေးတွင်ချိတ်ထား၍ စနစ်တကျ မတပ်သူ များကို Mask (၃)ခုပေး၍ဒဏ်ငွေ (၅၀၀)ကျပ်ပေးဆောင်စေပြီး Mask တပ်ဆင်ပုံကိုပါ သင်ကြားပြသပေးကာ ၊"ယခုဝယ်ယခုတပ်စနစ်ဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခြားရက်များတွင်လည်း မြို့နယ်အတွင်းလှည့်လည်၍ Mask မတပ်သူများကို "ယခုဝယ် ယခုတပ်"စနစ်ဖြင့် စစ်ဆေးသွားမည်ဖြစ်ကြောင်း မြို့နယ်ကိုဗစ်(၁၉)ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီထံမှ သိရသည်။

ချစ်သက်လယ်(အိမ်မဲ ပြန်/ဆက်)