အင်္ဂပူ၊ ဇူလိုင် ၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ နန်ကသူဆည်ရေလှောင်တမံ၌ ယမန်နေ့ နံနက်ပိုင်းက ငါးမျိုးစိုက်ထည့်ခြင်း အခမ်းအနားပြုလုပ်ခဲ့သည်။
အဆိုပါ ငါးမျိုးစိုက်ထည့်ခြင်းကို အမှတ်(၅)တပ်မတော် တန်းမြှင့်လေ့ကျင့်ရေး သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် ဇော်မြင့်ဦး၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှူးဦးတင့်လွင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် အဖွဲ့ဝင်များ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်း သိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ခတ္တာထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစု စည်းရုံးရေးနှင့်စည်းကမ်းထိန်း သိမ်းရေးကော်မတီ ဥက္ကဋ္ဌဒေါ်သန္တာဌေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်ငါးလုပ်ငန်း ဦးစီး ဌာနမှူး ဒေါ်မော်မော်ဝင်းနှင့် ဝန်ထမ်းများ၊ ခရိုင်ငါးလုပ်ငန်းစခန်း တာဝန်ခံဦးငြိမ်ချမ်းနှင့် ဝန်ထမ်းများ၊ နန်ကသူဆည် ရေလှောင်တမံမှ တာဝန်ရှိသူများ၊ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့်ပြည်သူများက ဟင်္သာတ ငါးလုပ်ငန်း စခန်းမှ မျိုးကောင်းမျိုးသန့် ၂လက်မ အောက်ခံ ငါးမြစ်ချင်းသား ပေါက်ကောင်ရေ (၁၅၀၀၀၀) အား ငါးမျိုးစိုက်ထည့်ခဲ့ကြောင်း သိရသည်။
ယခုလိုငါးမျိုးစိုက်ထည့်ပေးခြင်းကြောင့် ဒေသခံပြည်သူများ ရေရှည်စဉ်ဆက်မ ပြတ်စားသုံးနိုင်ရန်၊ ငါးသယံဇာတများပေါ များလာစေရန်၊ ငါးထုတ်လုပ်မှုများတိုးတက်လာစေရန်၊ငါးမျိုးမပြုန်းတီးစေရန် ရည်ရွယ်၍ ငါးမျိုးစိုက်ထည့်ပေးခြင်းဖြစ်ကြောင်း ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူး ဦးတင့်လွင်ထံမှ သိရသည်။
မန်းကျော်