တောင်ကုက် ဇူလိုင် ၅
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၌ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ကျော်မိုး၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရုံးမှ ဝန်ထမ်းများက မြို့ပေါ် ရပ်ကွက်အတွင်း ကွင်းဆင်း၍ ပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်ပြားများ လက်ဝယ်ကိုင် ဆောင်ခွင့်ရရှိစေရန် ပန်းခင်းစီမံချက်အရ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက်ပိုင်းက စတင်ပြီး တောင်ကုတ်မြို့ ဂူတာရပ်ကွက် ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံး၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေး စည်းကမ်းချက်များနှင့်အညီ အခမဲ့ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပန်းခင်းစီမံချက်အရ ဂူတာရပ်ကွက်ရှိအသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသား စိစစ်ရေးကတ်ပြားများ မပြုလုပ်ရသေးသောသူများ၊ အသစ်ပြုလုပ်ရန်လိုအပ်သူ (၉၉) ဦးတို့အား ပြုလုပ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွေးနှင့် အဖွဲ့ဝင်များက လှည့်လည်စစ်ဆေး အားပေးကြည့်ရှုခဲ့ ကြကြောင်း သိရသည်။
ထိုသို့ ပန်းခင်းစီမံချက်ကာလအတွင်း ၂၀၂၁ ခုနှစ်၊ ဇူလိုင်လ(၄)ရက်နေ့အထိ တောင်ကုတ် မြို့နယ်၌ ရပ်ကွက်(၅)ရပ်ကွက် နှင့်ကျေးရွာအုပ်စု (၈)အုပ်စုမှ ပြည်သူ(၁၄၀၀) ကျော်တို့အား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ခဲ့ကြောင်းကို တောင်ကုတ်မြို့ နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး၏ ပြောကြား ချက်အရ သိရသည်။
စန်းဝင်း (ပြန်/ဆက်)