သတင်းများ

အင်းစိန်မြို့နယ်၌ ပြည်သူများ၏ ကျန်းမာရေးအတွက် နေ့စဉ်ကြက်ခြေနီအသင်း (အင်းစိန်)မှ ရှေးဦး ပြုစုနည်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိ
Jul 06,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ ကျန်းမာရေးကောင်းမွန်စွာ နေထိုင်နိုင်စေရန် ရည်ရွယ်၍ ပြည်သူများ၏ ကျန်းမာရေး အတွက် ကြက်ခြေနီအသင်း (အင်းစိန်)မှ တာဝန်ရှိသူများက (၂၄)နာရီ အချိန်နှင့်တစ်ပြေးညီ သွားရောက်၍ ရှေးဦးပြုစုနည်းဖြင့် ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။
မလှိုင်မြို့နယ်ပြန်/ဆက်ရုံး၌ စာဖတ်ဝိုင်းပြုလုပ်
Jul 06,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက် ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ရုံးဝန်ထမ်းများစုပေါင်း၍ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
ရပ်ကွက်/ကျေးရွာများအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်
Jul 06,2021
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုများ ဖြစ်ပွားနေ၍ Stay at Home မြို့နယ် သတ်မှတ်ခံရသဖြစ် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ရပ်ကွက်/ကျေးရွာများတွင် ကိုဗစ်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
ဘူးသီးတောင်မြို့၌ အသက်‌မွေးဝမ်းကျောင်း အထောက်အကူပြု "လယ်ထွန်စက မောင်းနှင်ခြင်း နှင့်ပြုပြင်ခြင်း" သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ
Jul 06,2021
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ အသက်‌မွေးဝမ်းကျောင်း အထောက်အကူပြု "လယ်ထွန်စက် မောင်းနှင်ခြင်းနှင့်ပြုပြင်ခြင်း"သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က ဘူးသီးတောင်မြို့ ကျေးလက်‌ဒေသဖွံ့ဖြိုးရေးတိုးတက်‌ရေး ဦးစီးဌာနရုံးခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့် အညီကျင်းပ ပြုလုပ်သည်။
တောင်ဥက္ကလာပမြို့နယ်၌  မြို့နယ်အမျိုးသမီးကော်မတီ အစည်းအဝေးကျင်းပ
Jul 06,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်၌ မြို့နယ်အမျိုးသမီးကော်မတီ အစည်းအဝေး ကို ယမန်နေ့  နေလယ်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌရုံး အစည်းအ‌ဝေးခန်းမ၌ ကျင်းပခဲ့သည်။
အိမ်မဲမြို့တွင်ကိုဗစ်(၁၉)ကာလအတွင်းမြို့နယ်အတွင်းကုန်စည်စီးဆင်းမှုမပြတ်လပ်စေရေး နှင့်ကိုဗစ်(၁၉) ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး
Jul 06,2021
ဧရာဝတီတိုင်းဒေသကြီး၊မြောင်းမြခရိုင်၊အိမ်မဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေပြည်တန် ခမ်းမတွင် အိမ်မဲမြို့နယ်အတွင်း ကိုဗစ်(၁၉)ကာလအတွင်း ကုန်စည်စီးဆင်းမှု မပြတ်လပ် စေရေးနှင့်ကိုဗစ်(၁၉)ကြိုတင်ကာကွယ်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန် နေ့ မွန်းလွဲ ၂ နာရီ အချိန်ကကျင်းပခဲ့ကြောင်းသိရသည်။
ကျောက်ဆည်မြို့နယ်တွင် စီမံကိန်းစိုက်ဧက (၁၅၀)ဧကအတွက် စိုက်ပျိုးရေ အပြည့်အဝ ပေးဝေနိုင်ရေး ရေပြွန်အသစ်လဲခြင်းနှင့် ကျောက်ဆလန်စီခြင်းလုပ်ငန်းများဆောင်ရွက်
Jul 06,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ စီမံကိန်းသီနှံစိုက်ဧကများ ရေအပြည့်အဝပေးဝေနိုင်ရေး ဆောင်ရွက်လျက်ရှိရာ ၂၀၂၀-၂၀၂၁ဘဏ္ဍာနှစ်တွင် ငမြောင်ရေလွှဲဆည် ရေသောက်စနစ်မှ ငမြောင်မြောင်း၏ ပေတိုင်(၁၄+၇၇၀)နှင့် ပေတိုင်(၁၆+၃၁၇)ရှိ စီမံကိန်းသီးနှံစိုက်ဧက (၁၅၀)ဧကသို့ တိုက်ရိုက်ရေပေးနေသည့် ရေပြွန်အသစ် လဲခြင်းနှင့် ကျောက်ဆလန်စီခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရှိ ရသည်။
တောင်ဥက္ကလာပမြို့နယ်၌ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ကော်မတီအစည်းအဝေး ကျင်းပ
Jul 06,2021
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တောင်ဥက္ကလာပမြို့နယ်တွင် မြို့နယ်ကလေးသူငယ် အခွင့် အရေးများဆိုင်ရာကော်မတီ  အစည်းအဝေးကို မြို့နယ်စီမံအုပ်ချုပ်‌ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ယမန် နေ့ နံနက် ၁၀ နာရီက ပြုလုပ်ခဲ့သည်။