ကျောက်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံးသူ ၂ ဦးရှိပြီဖြစ်
Jul 07,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာမှ အသက် ၆၂ နှစ်ရှိ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ အမျိုးသမီးတစ်ဦးသည် ယနေ့နံနက် ၆ နာရီကျော်အချိန်က သေဆုံးခဲ့သောကြောင့် ကျောက်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ဖြင့် သေဆုံးသူ ၂ ဦးရှိပြီဖြစ်ကြောင်း သိရသည်။