မလှိုင် ဇူလိုင် ၆
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စာကြည့်တိုက် ခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ရုံးဝန်ထမ်းများစုပေါင်း၍ စာဖတ်ဝိုင်း ဆောင်ရွက်ခဲ့ကြ ကြောင်း သိရသည်။
အဆိုပါစာဖတ်ဝိုင်းတွင် ဒို့ကျေးရွာဂျာနယ် အတွဲ(၁၈)၊ အမှတ်(၁၃)ပါ စာရေးဆရာ ကိုထွန်းခင် ရေးသားသည့် " အသိအမြင်ကြွယ်ဝ အမှန်မြင်ကြစေ " ဆောင်းပါးအား စာဖတ်ဝိုင်း ဆောင်းပါးအဖြစ် ရွေးချယ်ခဲ့ကြ ပြီး စာထောက်-၃ ဦးမောင်မောင်က “ နိုင်ငံဝန်ထမ်းများအနေဖြင့် ပြည်သူကို အလုပ်အကျွေးပြုရာတွင် ကြိုးစားကြရန်နှင့် စေတနာမှန်ကြရန်လိုကြောင်း ” ၊ ဓါတ်ပုံကျွမ်းကျင်-၂ ဦးအောင်ဌေးက “ အမိုက်မှောင်ကို တိုးဝင်မိခြင်း ” ရုပ်/သံ ကျွမ်းကျင်- ၃ ဦးမျိုးဇော်ဇော်ထွန်းက “ ဝန်ထမ်းများထားရှိသင့်သည့် ခံယူ ချက် နှင့် တာဝန်ယူမှု တာဝန်ခံမှု အကြောင်း ” စာရေး ဦးစိုးမျိုးထက်က “ ကြောက်ရွံ့ပြီးပါဝင်ခဲ့ကြသူများ ” စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးခဲ့ကြသည် ။
ထို့နောက် မြို့နယ်ဦးစီးမှူး ဒေါ်ဆွေဆွေမြင့် က ဝန်ထမ်းများအနေဖြင့် ဝန်ထမ်းစည်းမျဉ်း၊ စည်းကမ်း ကျင့်ဝတ်များကို လိုက်နာကြရန်လိုကြောင်း ၊ မိမိတို့အနေဖြင့် ပေးအပ်သည့်တာဝန်များကို အောင်မြင်အောင် ကျိုးစားကြရမှာဖြစ်ကြောင်း ၊ မိမိတို့ရုံး ဝန်ထမ်းများအနေဖြင့် မိမိတို့တာဝန်ကို စေတနာအပြည့်နှင့် ကြိုးစား ဆောင်ရွက်ခဲ့ကြသည့် အတွက်လေးစားဂုဏ်ယူပါကြောင်း၊ နောင်တွင်လည်းယခုလို ကြိုးစား ဆောင်ရွက်သွားကြရန် တိုက်တွန်းကြောင်း နိဂုံးချုပ် ဆွေးနွေးမှာကြားခဲ့သည်။ ကြောင်းသိရသည်
အောင်ဌေး