သတင်းများ

ဘားအံမြို့တွင် Mask Campaign ပြုလုပ်
Jul 06,2021
ကရင်ပြည်နယ် ဘားအံခရိုင်၊ ဘားအံမြို့နယ်ရှိ ပြည်သူများအား  ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေးနှင့် ကြိုတင်ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာရာတွင် နှာခေါင်းစည်း (Mask) တပ်ဆင်ရေးအတွက် အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေး လုပ်ငန်းများကို ယနေ့နံနက် (၈)အချိန်က ဘားအံမြို့အမှတ်(၂)ရပ်ကွက်ရှိ အမှတ်(၁)အဆင့်မြင့် စံပြဈေးတွင် ဆောင်ရွက်ခဲ့ပြီး ညနေပိုင်းတွင် သေဌမာန်အောင်ဘုရားကြီးရှေ့၌ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
မြစိမ်းရောင်ကျေးရွာစီမံကိန်း လုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 06,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်ခိုင်ရွှေဝါ နှင့် ကဝမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများသည် ကဝမြို့နယ် အင်းဝကျေးရွာ မြစိမ်းရောင်ကျေးရွာစီမံကိန်း ဆောင်ရွက်မှုအခြေအနေ၊ စာရင်းဇယားများရေးသွင်းမှု၊ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်အတွင်း အတိုးရငွေဖြင့် ဆောင်ရွက်ပြီးစီး ခဲ့သည့် ကျေးရွာတွင် ကွန်ကရစ်လမ်းခင်းခြင်းတို့အား ယမန်နေ့ နံနက်(၁၀)နာရီတွင် သွားရောက်စစ်ဆေးခဲ့သည်။
ဟိုပုံးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသည့် နိုင်ငံ့ဝန်ထမ်းများကို ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေး
Jul 06,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးမထိုးနှံရသေးသည့် နိုင်ငံ့ဝန်ထမ်းမျာအား ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယ အကြိမ်ထိုးနှံခြင်းကို ယနေ့ နံနက်၉နာရီခွဲအချိန်က မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် စတင်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။
မိုးမိတ်မြို့နယ်တွင် ကိုယ့်အားကိုယ်ကိုးမူလတန်းကြိုကျောင်းအား လူမှုဝန်ထမ်းဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်
Jul 06,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင် မိုးမိတ်မြို့နယ်တွင် ကိုယ့်အားကိုယ်ကိုး မူလတန်းကြို ကျောင်းအား လူမှုဝန်ထမ်းဦးစီးဌာနသို့ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
လက်ပံတန်းမြို့နယ်တွင် ပိုးတွေ့လူနာအသစ် (၁၀၆)ဦးရှိပြီး ပိုးတွေ့ရှိသူ ပေါင်း(၉၂၇)ဦးထိရှိ
Jul 06,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ယမန်နေ့အထိ ပိုးတွေ့လူနာ အသစ်(၁၀၆)ဦးရှိပြီး ဇွန်လ ၇ ရက်နေ့မှစ၍ ယမန်နေ့အထိ ကိုဗစ်ပိုး တွေ့ရှိသူ (၉၂၇) ဦးရှိပြီး ပိုးတွေ့ နှုန်းမြင့်တက်လျက်ရှိကြောင်း သိရ သည်။ ၎င်းတို့နှင့် ထိတွေ့ခဲ့သူများအား ကြိုတင်ကာကွယ်ရေး လုပ်ငန်းများအဖြစ် ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်ပိုးရှိ/မရှိ ဆက်လက်စစ်ဆေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပေါင်းတည်မြို့၌ ရေသန့်စက်ရုံများ၊ ဆန်စက်များနှင့် ဧည့်ရိပ်သာများတွင် ကိုဗစ်-၁၉ စည်ကမ်းချက်များ နှင့်အညီ ဆောင်ရွက်ထားမှုရှိ/မရှိ အသိပညာပေးစစ်ဆေး
Jul 06,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊‌ ပေါင်းတည်မြို့နယ်ရှိ ရေသန့်စက်ရုံများ၊ ဆန်စက်များနှင့် ဧည့်ရိပ်သာ များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမှ ကာကွယ်နိုင်ရေးအတွက် ကျန်းမာရေးနှင့်အားကစားဝန် ကြီးဌာန၏ ထုတ်ပြန်ထားသော သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ဆောင်ရွက်ထားမှု ရှိ/မရှိ အသိပ ညာပေးစစ်ဆေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူဝင်မှုကြီး ကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန၊ လူမှုဖူလုံရေးဦးစီးဌာန၊ ပြန်/ဆက်ဦးစီးဌာန၊ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ မြို့တွင်းလှည့်လည်စိစစ်ရေးကော်မတီမှ တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုးညိုမြို့နယ်တွင်ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၀၂)ဦးထိရှိလာ
Jul 06,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မြင့်တက် လျက်ရှိရာ ယမန်နေ့ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၁၀၂) ဦးထိရှိပြီဖြစ်ကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက် အရ သိရသည်။
အိမ်မဲမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၄)ဦး ထပ်မံတွေ့ရှိ
Jul 06,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ်အတွင်း ကိုဗစ်-၁၉ ပိုးတွေ့လူနာ(၄)ဦး ထပ်မံတွေ့ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေး ဦးစီးဌာန၏ ယမန်နေ့ ညနေ ထုတ်ပြန်ချက်အရ သိရသည်။