ရပ်ကွက်/ကျေးရွာများအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

မင်းလှ ဇူလိုင် ၆
 
ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်သည် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွား မှုများ ဖြစ်ပွားနေ၍ Stay at Home မြို့နယ် သတ်မှတ်ခံရသဖြစ် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် ရပ်ကွက်/ကျေးရွာများတွင် ကိုဗစ်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရ သည်။
 
အသိပညာပေးနှိုးဆော်ခြင်း မြို့နယ်အရန်မီးသတ်တပ်ဖွဲ့က မီးသတ်ရေယာဉ် ဖြင့် လှည့်လည်၍ ပြည်သူ လူထုအနေဖြင့် ယခုကြုံတွေ့နေရသော ကိုဗစ်-၁၉ ရောဂါသည် ကူးစက်မှု ပိုမိုမြန်ဆန်သည့်အတွက် မလိုအပ်ဘဲ လုံးဝအပြင် မထွက်ကြရန်၊ မဖြစ်မနေ အပြင်ထွက်ရမည်ဆိုပါက Mask ကို စနစ်တကျ တပ်ဆင်ရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ မကြာခဏ လက်ကိုဆပ်ပြာဖြင့် စက္ကန့်(၂၀) ကြာအောင် ဆေးကြောရန်၊ ရောဂါလက္ခဏာများ (ဖျား၊ ချောင်းဆိုး၊ အနံ့မရခြင်း၊ ကိုယ်လက်မအီမသာဖြစ်ခြင်း) စသည်များ ခံစားရပါက သက်ဆိုင်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား လိုက်နာ ဆောင်ရွက်ရန် စသည့် အကြောင်းအရာများကို အသိပညာပေးနှိုးဆော်ခဲ့ ကြောင်း သိရသည်။
 
ပေါက်စ မင်းလှ