ဘူးသီးတောင် ဇူလိုင် ၆
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့၌ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု "လယ်ထွန်စက် မောင်းနှင်ခြင်းနှင့်ပြုပြင်ခြင်း"သင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၈)နာရီအချိန်က ဘူးသီးတောင်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးရေးတိုးတက်ရေး ဦးစီးဌာနရုံးခန်းမ၌ ကိုဗစ်-၁၉ ညွှန်ကြားချက်နှင့် အညီကျင်းပ ပြုလုပ်သည်။
ရှေဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူးဦးကျန်အေးမှအဖွင့်အမှာ စကားပြောကြားရာ တွင် သင်တန်းသားများအနေဖြင့် ကိုဗစ်-၁၉ကာလဖြစ်သည့်အတွက် သင်တန်းကာလအတွင်း ကျန်းမာရေး ဂရုစိုက်စေလိုကြောင်း၊ မိမိတို့ အသက်မွေးဝမ်းကျောင်းကို အထောက်အကူပြု လက်တွေ့ အသုံးချတတ်စေရန်သင်ကြားပို့ချသည့် ဆရာများ၏သင်ကြားမှုကို တိကျစွာလိုက်နာဆောင်ရွက်စေလိုကြောင်း၊ သင်တန်းသား များအနေဖြင့် အချိန်တိကျပြီ ဇွဲ၊လုံ့လ၊ဝီရိယဖြင့်ကြိုးစားသင်ယူစေလိုကြောင်း သင်တန်းသားတို့အားမှာကြား သည်။
ထို့နောက် မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးရေးဦးစီးဌာန၊ မြို့နယ် ဦးစီးမှူးဦးထွန်းလှိုင် မှသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များ အားရှင်းလင်းပြောကြားရာတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနအနေဖြင့် ကျေးလက်နေပြည်သူများလူမှု စီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေး၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု ပညာပေး သင်တန်းများ ဖွင့်လှစ်ပေးရေးစသည့်တို့ကို အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါ ကြောင်းပြောကြား သည်။
အဆိုပါ သင်တန်ကိုကျေးရွာ အုပ်စု(၆) အုပ်စုမှသင်တန်းသား (၂၅)ဦးတက်ရောက်လျက်ရှိပြီး သင်တန်းကာလမှာ ဇူလိုင်လ(၆)ရက်နေ့မှ(၂၆)ရရက်နေ့ထိ သင်ကြားသွားမည် ဖြစ်ကြောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦး ထွန်းလှိုင်မှသိရသည်။
မြို့နယ် (ပြန်/ဆက်)