သတင်းများ

ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေး
Jul 07,2021
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အတွင်း ကိုဗစ်- ၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ထိရောက်စွာ ဆောင်ရွက်သွားနိုင်ရေးအတွက် လူမှုရေးအသင်းအဖွဲ့များနှင့် တွေ့ဆုံ၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး ဗိုလ်ဥတ္တမ အစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဒလမြို့နယ်၌ မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကျင်းပ
Jul 07,2021
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ သစ်ပင်သစ်တောများ ထိန်းသိမ်း နိုင်ရေးနှင့် အရိပ်များ ရရှိစေရေးအတွက် ရည်ရွယ်၍ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၉ နာရီက ခနောင်လမ်းမကြီး တစ်လျှောက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်မရောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီ အရေးပေါ် အစည်းအဝေးပြုလုပ်
Jul 07,2021
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီအရေးပေါ် အစည်းအဝေးကို ယနေ့နံနက်၉နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ပြုလုပ် သည်။
ဝန်ထမ်း စွမ်းဆောင်ရည် မြင့်မားရေး System Maintenance & Networking သင်တန်း ဆင်းပွဲပြုလုပ်
Jul 07,2021
ဟင်္သာတခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနတွင် ဝန်ထမ်းများစွမ်းဆောင်ရည်မြင့်မား လာစေရေးအတွက် ဖွင့်လှစ်သည့် System Maintenance & Networking သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါရုံးအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ပင်လည်ဘူးမြို့၌ ကိုးဗစ် -၁၉ ပိုးတွေ့ အတည်ပြုလူနာသစ် (၁၀) ဦးထပ်မံတွေ့ရှိပြီး ပိုးတွေ့လူနာ (၂)ဦး သေဆုံး
Jul 07,2021
ပင်လည်ဘူးမြို့၌ ယနေ့နံနက် ၉ နာရီအချိန်ခန့်က ယခင်ပိုးတွေ့လူနာများနှင့် ထိတွေ့ သံသယလူနာ (၃၈) ဦးအား RDT Test Kits ဖြင့် စစ်ဆေးရာ ယနေ့ ကိုဗစ်-၁၉ ပိုးတွေ့အတည်ပြုလူနာ(၁၀)ဦး ထပ်မံတွေ့ ရှိရကြောင်း၊ ယနေ့ ပိုးတွေ့လူနာများမှ ကျေးလက်ဒေသဖွံ့ဖြိုးရေးဦးစီးဌာနမှ ဝန်ထမ်း (၁)ဦး မြန်မာ့စီးပွားရေး ဘဏ်မှ ဝန်ထမ်း (၁)ဦး ထွေ/အုပ်ရုံးမှ ဝန်ထမ်း (၁) ဦး ပါရှိကြောင်း သိရသည်။ ယခင်ပိုးတွေ့အတည်ပြုလူနာ (၅၇)ဦးရှိပြီး ပင်လည်ဘူးမြို့တွင် စုစုပေါင်း ပိုးတွေ့အတည်ပြုလူနာ (၆၇)ဦး ရှိပြီဖြစ်ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ခမောက်ကြီးမြို့တွင် စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ပါဆယ်စနစ်ဖြင့် ရောင်းချရေး အသိပေးဆောင်ရွက်
Jul 07,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့အတွင်း၌ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား ကိုဗစ်−၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေး အတွက် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် မြို့စည်ပင်သာယာရေးအဖွဲ့မှ ယမန်နေ့ ညနေပိုင်း လိုက်လံအသိပေးဆောင်ရွက်ခဲ့သည်။
မြစ်သားမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ပိုးရှိသူ(၁၀)ဦးထပ်မံတွေ့ရှိ
Jul 07,2021
မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိသူများနှင့် ထိတွေ့ခဲ့သူ ယမန်နေ့ညနေ ၆ နာရီအချိန်က ကိုဗစ်-၁၉ရောဂါပိုး ရှိ/ မရှိ Test Kit ဖြင့်စစ်ဆေးခဲ့ရာ စစ်ဆေးသူများ အနက်မှ (၁၀)ဦး မှာ ကိုဗစ်-၁၉ရောဂါပိုး ထပ်မံ တွေ့ရှိကြောင်းသိရသည်။
ဒိုက်ဦးမြို့အတွင်း ရောင်းချလျက်ရှိသော စားသောက်ဆိုင်များနှင့် ဈေးဆိုင်များ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးသတ်မှတ်ချက်များနှင့်အညီ ရောင်းချမှုရှိမရှိ စစ်ဆေးဆောင်ရွက်
Jul 07,2021
ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်ရေးအတွက် ကြိုတင်ကာကွယ်သည့် အနေဖြင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့များက အသိပညာပေး ဆောင် ရွက်လျက်ရှိသည်။