ကျိုက်မရောမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းကော်မတီ အရေးပေါ် အစည်းအဝေးပြုလုပ်

ကျိုက်မရော ဇူလိုင် ၇
 
မွန်ပြည်နယ် ကျိုက်မရောမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီအရေးပေါ် အစည်းအဝေးကို ယနေ့နံနက်၉နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ပြုလုပ် သည်။
 
အစည်းအဝေးတွင် မြို့နယ်အဆင့် ကိုဗစ်−၁၉ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီ ဥက္ကဋ္ဌ ဦးကျော်စိုးဦးက အမှာစကားပြောကြား ရာတွင် မြို့နယ်အတွင်းကိုဗစ်- ၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးအတွက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက် လာသည့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ကြက်ခြေနီအသင်းများမှပြန်လည် တင်ပြ ဆွေးနွေးပြီး ပညာရေးဝန်ထမ်းများနှင့်ကျောင်းသူ၊ ကျောင်းသားများ အား ကိုဗစ်စင်တာတွင် စနစ်တကျ ထားရှိနိုင်ရေးနှင့် နယ်မြေကျော်လွန် သွားလာမှုမရှိရေးတို့ကို ထိန်းချုပ်ကန့်သတ်ရန် အကြံပြု ဆွေးနွေးခဲ့ကြသည်။
 
ဆက်လက်၍ မြို့နယ်စည်ပင်သာယာရေးအမှုဆောင်အရာရှိက စျေးများ အတွင်း စားသောက်ကုန်၊ နေ့စဉ်သုံးပစ္စည်းများနှင့် ဆေးဝါး အရောင်းဆိုင် များမှအပ ကျန်ကုန်ပစ္စည်းအရောင်းဆိုင်များ ခေတ္တပိတ်ထားရန်နှင့် စားသောက်ဆိုင်များ အာလုံးပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်ညွန်ကြားစာများ ထုတ်၍ ကြပ်မတ်စစ်ဆေး သွားမည်ဖြစ် ကြောင်းပြောကြား ဆွေးနွေးသည်။
 
ထို့နောက် မြို့နယ်ကိုဗစ်- ၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်း ကော်မတီဥက္ကဋ္ဌက ရောဂါများ ကူးစက်ပြန့်နှံ့မှု လျော့နည်းစေရန်နှင့် ထိန်းချုပ် ကာကွယ်နိုင်ရေးအတွက်မြို့နယ်ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့် ပရဟိတ အဖွဲများ တာဝန်ရှိသူများကလည်း ပူးပေါင်းပါဝင်ကူညီ ဆောင်ရွက်ပေး ကြရန်နှင့်အားလုံး အတူတစ်ကွ ပါဝင်ဆောင်ရွက်နိုင်မှသာ မိမိတို့မြို့နယ် အတွင်း ရောဂါကူးစက်ဖြစ်ပွား မှုနှုန်းနည်းမည်ဖြစ်ကြောင်း ဆွေးနွေး ပြောကြားခဲ့သည်။
 
အစည်းအဝေးသို့ ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးကော်မတီများ၊ ဌာန ဆိုင်ရာ များ၊ ကြက်ခြေနီတပ်ဖွဲ့များ၊ ပရဟိတအဖွဲဝင်များ တက်ရောက်ခဲ့ကြသည်။
 
ချိုမြတ်မြတ်ထွေး