သတင်းများ

မောက်မယ်မြို့နယ်၌ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးပေး
Jul 07,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိတောင်သူများအား ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ် က ၂၀၂၁ ခုနှစ် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေအား မြို့နယ်သီရိမင်္ဂလာဓမ္မာရုံ၌ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက စတင်ထုတ်ချေးပေးခဲ့သည်။
မိုင်းယောင်း၌ Home Quarantine ထားရှိသူများအား တာဝန်ရှိသူများ သွားရောက်ကြည့်ရှု
Jul 07,2021
ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင် မိုင်းယောင်းမြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနေမြတ်သူသည် ယမန်နေ့က ဝမ်တပ်၊ ဝမ်မန်း၊ ဝမ်ဘိုး၊ ဝမ်ကောင်းကျေးရွာအုပ်စုနှင့် ဟောင်ကြန့်ကျေးရွာအုပ်စုများရှိ Home Quarantine ထားရှိသူများအား တာဝန်ရှိသူများနှင့်အတူ သွားရောက်ကြည့်ရှုခဲ့ကြောင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ဘုရားသုံးဆူမြို့တွင် Youth volunteer လူငယ်အသင်းမှ ကိုဗစ်-၁၉ အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်
Jul 07,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၌ ကိုဗစ်-၁၉ ရောဂါဆိုင်ရာ ကျန်းမာရေး အသိပညာပေး ဆောင်ရွက်မှုများအား တာဝန်ရှိသူများမှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီး ဘုရားသုံးဆူမြို့၊ Youth volunteer လူငယ်အသင်းမှ ဘုရားသုံးဆူမြို့၊ မြို့မစျေးအတွင်းနှင့် လူစည်ကားရာ နေရာများတွင် အသံချဲ့စက်များဖြင့် ကျန်းမာရေးအသိပညာပြောကြားခြင်းကို ယနေ့ နံနက် ၉ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ(၁)ဦးထပ်မံတွေ့ရှိ
Jul 07,2021
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ (၁)ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
လှိုင်းဘွဲမြို့ပေါ်တွင် Covid-19 ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် အခြေခံပညာကျောင်းများအား ယာယီပိတ်ထား
Jul 07,2021
ကရင်ပြည်နယ် ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် Covid-19 ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် ကူးစက်ပျံ့နှံမှုမရှိစေရေးအတွက် အခြေခံပညာကျောင်းများအား ယနေ့နံနက်ပိုင်းမှစတင်၍ ယာယီပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်တားဆီးရေး Mask Campain ပြုလုပ်
Jul 07,2021
ဝမ်းတွင်း၊ ဇူလှိုင် ၇ မန္တလေးတိုင်းဒေသကြီး၊ဝမ်းတွင်းမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါကာကွယ် တားဆီးရေး Mask Campainပြလုပ်ပေးခြင်းကို သဲတောဝမ်းတွင်း လမ်းမကြီး၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးရှေ့တွင် ယနေ့နံနက်(၈)နာရီအချိန်မှစတင်ကာ ပြည်သူများအား(အခမဲ့) တပ်ဆင်ဖြန့်ဝေပေး ခဲ့ကြောင်းသိရသည်။
ဗဟန်းမြို့နယ်ရှိ ဗဟန်းစျေးတွင် ပါးစပ်နှင့်နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်း Mask Campaign ဆောင်ရွက်
Jul 07,2021
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး ရောဂါကြိုတင် ကာကွယ်နိုင်ရန်အတွက်၊ ရောဂါကာကွယ်ရေး အထောက်အကူပြုစေသည့် ပါးစပ်၊ နှာခေါင်းစည်း အခမဲ့ဖြန့်ဝေခြင်း Mask Campaign ဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈)နာရီ အချိန်က ဗဟန်းမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ ရေတာရှည်လမ်း၊ ဗဟန်းစျေးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် ထီလုံကျေးရွာနှင့်ဒိုင်းပြကျေးရွာတွင် Covid-19 ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ပိုးသတ်ဆေး ပက်ဖျန်း
Jul 07,2021
ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ် ထီလုံကျေးရွာနှင့်ဒိုင်းပြကျေးရွာတွင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ကလိုရင်းဆေးရည် (ပိုးသတ်ဆေး) များ ပက်ဖျန်းခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက လိုက်လံပက်ဖျန်းခဲ့ကြောင်း သိရသည်။