ရန်ကုန် ဇူလိုင် ၇
ရန်ကုန်တိုင်းဒေသကြီး ဒလမြို့နယ်၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေး၊ သစ်ပင်သစ်တောများ ထိန်းသိမ်းနိုင်ရေးနှင့် အရိပ်များ ရရှိစေရေးအတွက် ရည်ရွယ်၍ မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့ နံနက် ၉ နာရီက ခနောင်လမ်းမကြီး တစ်လျှောက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်လုံခြုံရေးတပ်ဖွဲ့မှူး ဒုတိယဗိုလ်မှူးကြီး ရဲထွဋ်ကျော်၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစည်သူကျော်နှင့် အဖွဲ့ဝင်များ၊ ရန်ကုန်အနောက်ပိုင်းခရိုင် သစ်တောဦးစီးဌာနမှ ဦးစီးမှူး ဦးစိန်မောင်နှင့် ဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများက ပျိုးပင်ပေါင်း ၂၅၀ ကို တပျော်တပါး စုပေါင်းစိုက်ပျိုးခဲ့ကြောင်း သိရသည်။
နိုင်လင်းကျော်