ယင်းမာပင်မြို့တွင် စပါးမျိုးသန့်စင်စက်နှင့် ဝါမျိုးသန့်ကြိတ်စက် ဖွင့်ပွဲအခမ်းအနား ကျင်းပ
Jul 07,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့တွင် လယ်ယာကဏ္ဍ အရှိန်အဟုန် မြှင့်တင်နိုင်ရေးအတွက် တောင်သူလယ်သမားများ အဓိကလိုအပ်သော မျိုးကောင်း၊မျိုးသန့်များ စဉ်ဆက်မပြတ် ထုတ်လုပ်နိုင်ရန် စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီတို့ပူးပေါင်း၍ ကန်ထရိုက်စနစ်ဖြင့် မျိုးကောင်း၊မျိုးသန့်၊မျိုးစေ့ ထုတ်လုပ်မှု၊ ရင်းနှီးမြှုပ်နှံမှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် စပါးမျိုးသန့်စင်စက်နှင့်ဝါမျိုးသန့်ကြိတ်စက် ဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းက ယင်းမာပင်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးဝန်းတွင် ကျင်းပ ပြုလုပ်ခဲ့ကြောင်းသိရသည်။