ညောင်လေးပင် ဇူလိုင် ၉
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုနှုန်း မြင့်မားလျက်ရှိရာ ယမန်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၉၈ ဦး ရှိပြီဖြစ်ကြောင်း ကျန်းမားရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ အတည်ပြုလူနာများကို သက်ဆိုင်ရာဆေးရုံ၊ Center များတွင် ထားရှိကာ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဆေးကုသမှုများ ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။ ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုများ မဖြစ်စေရေးအတွက် မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးလုပ်ငန်း စဉ်များအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။