မတ္တရာ ဇူလိုင် ၉
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အတွက် ပါးစပ်၊ နှာခေါင်းစည်းများတပ်ဆင်ရေး Mask Campaign ပြုလုပ်ခြင်းကို ယနေ့နံနက် ၇နာရီက ဆောင်ရွက်ခဲ့သည်။
ထိုသို့ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်သူရသိန်းနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များပါဝင်သောအဖွဲ့သည် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန နှင့် ပူးပေါင်း၍ Maskနှာခေါင်းစည်း(၄၀၀၀)ခုကို စည်ပင်သာယာမြို့မစျေး၊ စည်ပင် ယာယီ ပျံကျစျေးနှင့် အမှတ်(၃)ရပ်ကွက်ရှိ ပျံကျစျေးတို့၌ စျေးသူ/ စျေးသား များ၊ စျေးဝယ်သူများနှင့် စျေးအနီးတွင် ဖြတ်သန်းသွားလာနေသည့် ပြည်သူများအား မက်နှာခေါင်းစည်းများ အခမဲ့ ဝေငှခဲ့ကြ ပြီး မလိုအပ်ဘဲနေအိမ်ပြင်ပသို့ သွားလာခြင်းများမပြုလုပ်ရေး၊ သွားလာခဲ့ပါက ထွက်ခွာတိုင်း နှာခေါင်းစည်းများ တပ်ဆင်အသုံးပြုရေးတို့ကို အသိပညာပေးပြောကြားခဲ့သည်။
မြို့နယ် ကိုဗစ် ၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ကိုဗစ်၁၉ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် ပိုးသတ် ဆေးဖျန်းခြင်းလုပ်ငန်းများ၊ မြို့အဝင်တွင် ကျန်းမာရေးစစ်ဆေးရေးဂိတ်များဖွင့်လှစ်၍ အရှိန် အဟုန်မြှင့်ဆောင်ရွက် လျက်ရှိကြောင်းသိရသည်။
စိုးကျော်သူထွေး(မတ္တရာ)