ပေါက်ခေါင်းမြို့တွင် (၂၂)ဦး ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ

ပေါက်ခေါင်း ဇူလိုင် ၉

ပေါက်ခေါင်းမြို့နယ်တွင် ယမန်နေ့ နံနက် (၁၀)နာရီအချိန်  မြို့နယ်အားကစားကွင်း၌ ယခင် ကိုဗစ်-၁၉ ပိုးတွေ့ရှိသူလူနာနှင့် အနီးကပ်ထိစပ်ခဲ့သော Contact person (၂၆၆) ဦး၊ အနံ့ပျောက်၍ ကျန်းမာရေး ဌာနသို့ လာရောက်သတင်းပို့သူ (၄)ဦး၊ စုစုပေါင်း (၂၇၀) ဦးတို့အား RDT ဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ရာ (၂၂) ဦး ကိုဗစ် ၁၉ ရောဂါပိုး တွေ့ရှိခဲ့သဖြင့် ဇူလိုင်လ ၂ ရက်နေ့မှ ယနေ့ထိ စုစုပေါင်းလူနာ (၇၅) ဦးရှိပြီဖြစ်‌သည်။

ပေါက်ခေါင်းမြို့နယ်မှ အဆိုပါအတည်ပြုလူနာများကို ရွှေတောင် ကုတင် (၁၀၀ )စစ်ဆေးရုံတွင် (၄) ဦး၊ မြို့နယ်ပြည်သူ့ဆေးရုံတွင်(၅၇)ဦး၊ ဓမ္မသော်တိုက်နယ်ဆေးရုံတွင်(၁၂)ဦး၊ တောင်လည်တိုက်နယ် ဆေးရုံတွင် (၂) ဦး တက်ရောက်ဆေးကုသလျက်ရှိကြောင်း ‌မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရှိရသည်။