သတင်းများ

တောင်သာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုး ၁၂ ဦးထပ်မံတွေ့ရှိ
Jul 09,2021
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်အတွင်းရှိ တန်းမြင့်ကျောင်း ရပ်ကွက်မှ မ(၁)ဦး၊ မင်းတည်းကျေးရွာမှ ကျား(၄)ဦး၊ တဲယာကျေးရွာမှ ကျား(၁)ဦး၊ ဝဲလောင်ကျေးရွာမှ ကျား(၁)ဦး၊ မ(၄)ဦး၊ ဘူတာကုန်းရပ်ကွက်မှ မ(၁)ဦးတို့သည် ဖျားနာပြီးအနံ့မရသဖြင့် ကိုဗစ်-၁၉ ရောဂါသံသယရှိသဖြင့် မြို့နယ် ပြည်သူ့ ဆေးရုံ၌ RDT Kit ဖြင့်စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိခဲ့သည်။
သီပေါမြို့ နှလုံးသားပရဟိတ လူမှုကူညီရေးအသင်းမှ ပိုးသတ်ဆေး လိုက်လံဖျန်းပေးခြင်းဆောင်ရွက်
Jul 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် နှလုံးသားပရဟိတ လူမှုကူညီရေး အသင်းမှ ပိုးသတ်ဆေးဖျန်းခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရပ်ကွက်များတွင် ပိုးသတ်ဆေးအခမဲ့ ဖျန်းပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ အရှိန်မြှင့်တင်ဆောင်ရွက်
Jul 09,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုအား ကြိုတင်ကာကွယ်ရေးအတွက် ပြည်သူများ နေအိမ်ပြင်ပထွက်တိုင်း နှာခေါင်းစည်း (Mask)များ တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်သော စည်ကမ်းများအား လိုက်နာ၍ သွားလာနေထိုင်ကြရန် အသိပညာပေးခြင်း လုပ်ငန်းများကို ယနေ့နံနက် ၇ နာရီက ရန်ကုန်-ပြည်လမ်း စျေးလမ်းဆုံတွင် အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့​သည်။
လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသ ပြည်သူ့ဆေးရုံတွင် ကိုယ်ဝန်ဆောင်မိခင်များအား ကျန်းမာရေးစောင့်ရှောက်ပေးမှု လုပ်ငန်းဆောင်ရွက်
Jul 09,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူအထူးဒေသတွင် ဒေသနေ ကိုယ်ဝန်ဆောင် မိခင်များ ကျန်းမာရေးအသိပညာ ဗဟုသုတရရှိစေရန်နှင့် ကူးစက်ရောဂါတို့မှ ကင်းဝေးစေရန် ရည်ရွယ်၍ ယမန်နေ့က မြိုင်ကြီးငူအထူးဒေသ ကျန်းမာရေးဌာနတွင် ကိုယ်ဝန်ဆောင်မိခင် များအား ကျန်းမာရေး စောင့်ရှောက်ပေးမှုလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့တွင် ကိုဗစ်-၁၉ ရောဂါ အန္တရာယ်ကင်းဝေးစေရန် ပရိတ် တရားတော်များ မြို့တွင်းလှည့်လည်ရွတ်ဖတ်ပူဇော်
Jul 09,2021
ကမ္ဘာတစ်ဝန်းကူးစက် ပျံ့နှံ့ဖြစ်ပွားလျက်ရှိသော ကမ္ဘာ့ကပ်ရောဂါဆိုး ကိုဗစ်-၁၉ ရောဂါ ကင်းဝေးစေရန် အတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီ မြို့နယ်တွင် ယမန်နေ့ ညနေ ၃ နာရီက အန္တရာယ်ကင်း ပရိတ်တရားတော်များကို မြို့တွင်းလှည့်လည် ရွတ်ဖတ်ပူဇော်ခြင်းများ ပြုလုပ်ခဲ့သည်။
သီပေါမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးအတွက် အခြေခံပညာကျောင်းများအား ယာယီပိတ်
Jul 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးနှင့် ကူးစက်ပျံ့နှံ့မှု မရှိစေရေးအတွက်  အခြေခံပညာကျောင်းများအား ယနေ့မှစတင်၍ ယာယီ ပိတ်ထားကြောင်း သိရသည်။
မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ(၁၄၈)ဦးထိရှိလာ
Jul 09,2021
ပဲခူးတိုင်းဒေသကြီး၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမြင့် တက်လျက်ရှိရာ ယမန်နေ့ ထိ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၁၄၈)ဦးထိ ရှိပြီဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ထုတ် ပြန်ချက်အရ သိရ သည်။
မြောင်းမြမြို့၌ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ ကော်မတီလုပ်ငန်း ညှိနှိုင်း အစည်းအဝေးပြုလုပ်
Jul 09,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်၌မြို့နယ်အဆင့် ကလေးသူငယ်အခွင့်အရေး များဆိုင်ရာ ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြရွှေဝါအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။