သီပေါမြို့တွင် မိုးလုံလေလုံအားကစားရုံ တည်ဆောက်နေမှုအားကွင်းဆင်းကြည့်ရှုစစ်ဆေး
Jul 09,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် ပြည်ထောင်စုအစိုးရခွင့်ပြုရန်ပုံငွေဖြင့် မြို့နယ် ပြည်သူ့အားကစားကွင်း အတွင်း မိုးလုံလေလုံ အားကစားရုံတည်ဆောက်နေမှု အခြေအနေအား မြို့နယ်အရည်အသွေး ထိန်းချုပ်ရေးနှင့် အပြီးသတ်လက်ခံရေး ကော်မတီအဖွဲ့ဝင်များက ယမန်နေ့နံနက်ပိုင်း က ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။