ညောင်တုန်း ဇူလိုင် ၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရန်နှင့် ကူးစက်ပြန့်နှံ့မှု မရှိစေရန် ရည်ရွယ်၍ နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှု Mask Camping ပြုလုပ်ခြင်းကို ယနေ့ နံနက် ၈ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံးကြီးရှေ့၊ မြို့မဈေးရှေ့ ကူတို့ဆိပ်နှင့် လူအသွားအလာ များပြားသည့် နေရာများတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါ နှာခေါင်းစည်းတပ်ဆင်ရေး လှုပ်ရှားမှု Mask Camping ကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ကြက် ခြေနီ တပ်ဖွဲ့ဝင်များက ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးနှင့် ကူးစက်မှုပြန့်ပွားမှု လျော့နည်း စေရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသူများ၊ ဈေးရောင်းချ သူများနှင့် ဈေးသွား၊ ဈေးလာများ နှာခေါင်စည်း(Mask) မဖြစ်မနေ တပ်ဆင်ရေး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ကိုဗစ်-၁၉ရောဂါဆိုင်ရာ ညွှန်ကြားချက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။