သတင်းများ

ညောင်ဦးမြို့နယ်တွင် မိုးကြိုကြဲနှမ်းများအောင်မြင်ဖြစ်ထွန်း နှုတ်သိမ်းရောင်းချချိန်ဈေး နှုန်းကောင်းရရှိရန်မျှော်လင့်
Jul 15,2021
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် မေလအတွင်းမိုးစတင်ရွာသွန်းမှုနှင့်အတူ မိုးကြိုကြဲနှမ်းများအောင်မြင်ဖြစ်ထွန်းနေခြင်းကြောင့် နှမ်းများနှုတ်သိမ်းရောင်းချချိန် ‌ဈေး နှုန်း ကောင်းရရှိရန် မျှော်လင့်နေကြကြောင်း နှမ်းစိုက်တောင်သူများထံကသိရသည်။
ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနတွင် စာဖတ်ဝိုင်းကျင်းပ
Jul 15,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ယနေ့နံနက်(၁၀)နာရီက နိုင်ငံဝန်ထမ်းများအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများ ဆောင်ရွက်ရာ တွင် ကောင်းမွန်သော အုပ်ချုပ်မှု၊ ဒီမိုကရေစီစံနှုန်းများနှင့် ပြည့်စုံရန်၊ လုပ်ငန်းတာဝန်များ ထမ်းဆောင်ရာတွင် လိုအပ်သည့်ပညာအရည်အချင်း၊ ကျွမ်းကျင်မှု အရည်အချင်းများနှင့် ပြည့်စုံရန်အတွက် နိုင်ငံ့ဝန်ထမ်း ကျင့်ဝတ်ဆိုင်ရာ စံတန်ဖိုးများ စာအုပ်အား စာဖတ်ဝိုင်း ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။ ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင် ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက စာဖတ်ဝို်ငးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး နိုင်ငံ့ဝန်ထမ်းများ ကျင့်ဝတ် ဆိုင်ရာ စံတန်ဖိုးများစာအုပ်မှ နိုင်ငံ့ဝန်ထမ်းများ ထားရှိရမည့် စံတန်ဖိုးသတ်မှတ်ချက်များ၊ ပြည်သူဗဟိုပြု နိုင်ငံ့ ဝန်ထမ်းများ ဖြစ်လာစေရန် ကတိကဝတ်ပြုခြင်း အကြောင်းများ ဖတ်ကြား ဆွေးနွေးခဲ့သည်။
ပင်းတယမြို့၌ ပန်းထိန်မနိုင် (ပန်းထိန်ငို) ပန်းများ လှိုင်လှိုင်ထွက်ရှိ
Jul 15,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ပန်းထိန်မနိုင် (ပန်းထိန်ငို) ပန်းများ စီးပွားဖြစ်စိုက်ပျိုးကြပြီး ယခုအချိန်တွင် ပန်းထိန်ငိုပန်းများ လှိုင်လှိုင်ထွက်ရှိလျက် ရှိသည်။
မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ တပ်ဆင်ရန် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိ
Jul 15,2021
မိတ္ထီလာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ တပ်ဆင်ရန် ယနေ့ နံနက်က အဖွဲ့(၄)ဖွဲ့ဖြင့် မြို့ဝင်လမ်းဆုံနေရာများတွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၉၁)ဦး အထိတွေ့ရှိ
Jul 15,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ကာလအတွင်း ဇွန်လ ၃၀ ရက်နေ့မှစ၍ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများစတင် တွေ့ရှိခဲ့ရာ ယမန်နေ့ အထိ မြို့နယ်အတွင်း ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၉၁) ဦးရှိပြီ ဖြစ်ပြီး၊ သေဆုံးသူ (၆)ဦးနှင့် ရောဂါ ပျောက်ကင်း၍ဆေးရုံဆင်းခွင့်ရရှိသူ(၆)ဦး ရှိကြောင်း  မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့် ပြန်ရေးကော်မတီမှ သိရသည်။
မလှိုင်မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စုများတွင် Quarantine Center ထားရှိနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ
Jul 15,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်/ကျေးရွာအုပ်စု စာရေး ဝန်ထမ်းများ တွေ့ဆုံ၍ ကျေးရွာများတွင် Quarantine Center ထားရှိနိုင်ရေး လုပ်ငန်းညှိနှိုင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ထွေ/အုပ်ရုံး အစည်းဝေးခန်းမ၌ ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပခဲ့ကြောင်း သိရသည်။
ထန်းတပင်၌ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများအနက် ကျန်းမာရေးပြန်လည် ကောင်းမွန်သူ (၄)ဦး ဆေးရုံဆင်းခွင့်ရရှိ
Jul 15,2021
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ၂၀၂ ဦး အနက် ကျန်းမာရေး​ပြန်လည်ကောင်းမွန်၍ ယ​နေ့ နံနက်ပိုင်းက ဆေးရုံမှ ဆင်းခွင့်သူ ၄ ဦးရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၁၇)ဦး ထပ်မံတွေ့ရှိ
Jul 15,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာ (၁၇)ဦး ထပ်မံတွေ့ရှိခဲ့ပြီး (၁၃)ဦးဆေးရုံဆင်းခွင့်ရရှိကာ (၂)ဦးသေဆုံးခဲ့ပြီး၊ (၄၃)ဦး ဆေးကုသမှုခံယူလျက်ရှိကာ စုစုပေါင်းပိုးတွေ့လူနာ (၅၈)ဦး ရှိပြီဖြစ်ကြောင်း နမ္မတူမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ သိရသည်။