သတင်းများ

ဆီဆိုင်မြို့၌ Covid-19 ရောဂါကာကွယ်ရေးလုပ်ငန်းများအရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိ
Jul 15,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့တွင် Covid-19 ရောဂါ၊ ကာကွယ်၊ တားဆီးရေးနှင့် ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ဆီဆိုင်မြို့အဝင်ပေါက်တွင် ဝင်/ထွက်သွားလာသော ရဟန်းရှင်လူမိဘပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ မှတ်တမ်း ကောက်ယူခြင်းနှင့် အသိပညာပေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးလျက်ရှိသည်။
ကော့ကရိတ်မြို့နယ်တွင် ကိုဗစ် - ၁၉ ပိုးတွေ့လူနာ (၂၉၈)ဦးထိရှိ
Jul 15,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့နယ်တွင် ဇူလိုင် ၁ ရက်နေ့မှ ယမန်နေ့အထိ ကိုဗစ် - ၁၉ ပိုးတွေ့ အတည်ပြုလူနာ (၂၉၈)ဦးအထိ ရှိလာပြီး၊ ပြည်သူများအနေဖြင့် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက် များကို လိုက်နာဆောင်ရွက်မှု အားနည်းလျက်ရှိကြောင်းလည်း သိရသည်။
လားရှိုးမြို့ ပညာရေးကောလိပ်တွင် ကိုဗစ်ပိုးတွေ့လူနာကုသဆောင် ပြင်ဆင်ဆောင်ရွက်လျက်ရှိ
Jul 15,2021
လားရှိုးမြို့တွင် ကိုဗစ်-၁၉ ပိုးတွေ့လူနာများကို ပြည်သူ့ဆေးရုံ ကြပ်မတ်ကုသဆောင်၊ ပြည်ထောင်စု အားကစားကွင်း မိုးလုံလေလုံခန်းမ၊ ပညာရေးကောလိပ်စောင့်ကြည့်ဆောင်နှင့် မိုးကုတ်ဝိပသနာ စခန်းတို့တွင် စောင့်ကြည့်ကုသလျက်ရှိသည်။
နောင်ချိုမြို့နယ်၌ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှင့်နှာခေါင်းစည်း(Mask)များဖြန့်ဝေ
Jul 15,2021
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်၌ မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်ပြင်ပထွက်တိုင်းမဖြစ်မနေ ပါးစပ်နှင့်နှာခေါင်းစည်း(Mask) တပ်ဆင်စေရေးအတွက် အခမဲ့ဖြန့်ဝေခြင်းကို ယနေ့ နံနက်၈နာရီက မြို့မဈေးလမ်းဆုံနှင့် ယာယီ ပျံကျဈေးတို့၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအရှိန်အဟုန်မြှင့် ဆောင်ရွက်
Jul 15,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာ ကွယ်ရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေပိုင်း က ဌာနဆိုင်ရာပူးပေါင်း အဖွဲ့တို့က ရပ်ကွက်နှင့်ကျေးရွာများအတွင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိ ပညာပေးနှိုးဆော်ခြင်းကို မော်တော်ယာဉ်ဖြင့် လှည့်လည်နှိုးဆော်ခဲ့ကြောင်း သိရသည်။
သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများ ဆောင်ရွက်
Jul 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးအတွက် ဂရုဏာရှင်ပရဟိတအသင်း(သုံးဆယ်)မှ ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကွမ်းလုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး
Jul 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာ နေ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်က မြို့နယ်အားကစားရုံခန်းမ၌ စုရပ်ပြုလုပ်ကာ ဆေးထိုးနှံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျွန်းစုမြို့၌ ရောဂါပိုးတွေ့သူများနှင့် ဆက်စပ်သူ(၂)ဦးတွင် ကိုဗစ် - ၁၉ ရောဂါပိုးတွေ့ရှိ
Jul 15,2021
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ရောဂါပိုးတွေ့သူများနှင့် ဆက်စပ်သူများအား ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုး ရှိ/ မရှိ Rapid Diagnostic Antigen Test Kid(RDT) ဖြင့် စစ်ဆေးခဲ့ရာ (၂)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း မြို့နယ်ဆရာဝန်ကြီး ဒေါက်တာရဲမင်းဦးထံမှ သိရသည်။