မင်းပြားမြို့၌ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေး ဗီနှိုင်းပိုစတာနှင့် နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေ
Jul 15,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် လတ်တ လောအသက်ရှုလမ်းကြောင်းဆိုင်ရာရောဂါ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်နိုင်ရေးနှင့် ကူးစက်ပြန့်ပွား မှုများကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်း ပါဝင်သောအဖွဲ့မှ ယနေ့နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များနှင့်လူစည်ကားရာနေရာများ ဖြစ်သော ဈေး၊ လမ်းဆုံ၊ လမ်းခွများ၊ ကားဂိတ်နှင့်မြို့အဝင် အထွက်နေရာများ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေးဗီနှိုင်းပိုစတာကပ်ခြင်းနှင့် နှာခေါင်းစည်းများအခမဲ့ ဖြန့်ဝေခဲ့ကြသည်။