မြင်းခြံမြို့တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၂၄ ဦး တွေ့ရှိ
Jul 15,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင် ယမန်နေ့ ည ၉ နာရီ အချိန်တွင် မြင်းခြံခရိုင် ပြည်သူ့ဆေးရုံကြီးတွင် ကျန်းမာရေးမကောင်းသဖြင့် လာရောက်ဆေးကုသသူများအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ RDT ဖြင့် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ အတည်ပြုလူနာ ၂၄ ဦး တွေ့ရှိ ခဲ့ကြောင်း သိရသည်။