ညောင်ဦး ဇူလိုင် ၁၅
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်တွင် မေလအတွင်းမိုးစတင်ရွာသွန်းမှုနှင့်အတူ မိုးကြိုကြဲနှမ်းများအောင်မြင်ဖြစ်ထွန်းနေခြင်းကြောင့် နှမ်းများနှုတ်သိမ်းရောင်းချချိန် ဈေး နှုန်း ကောင်းရရှိရန် မျှော်လင့်နေကြကြောင်း နှမ်းစိုက်တောင်သူများထံကသိရသည်။
ညောင်ဦးမြို့နယ်တွင် မိုးစတင်ရွာသွန်းခြင်းအား မေလဒုတိယပတ်မှ စတင်ကာမိုးရွာ သွန်းပြီး မိုးမရွာသွန်းမှီကြဲပက်စိုက်ပျိုးထားသည့် နှမ်းများမိုးကျချိန်အပင်ပေါက်များ စတင်ပေါက်လာပြီး ဇွန်လနောက်ဆုံးပတ်နှင့်ဇူလိုင်လ ပထမပတ်တွင် မိုးရွာသွန်းမှုများ ခြင်းကြောင့် မိုးကြိုကြဲနှမ်းများ အပွင့်လိုက်နေပြီဖြစ်ကာ နှမ်းများရဖို့သေချာ သလောက် ရှိနေပြီ ဖြစ်ကြောင်း တက်မကျေးရွာ ဦးမောင်ဌေးကပြောကြားသည်။
ညောင်ဦးမြို့နယ်တွင် ဆီထွက်သီးနှံဖြစ်သည့် မြေပဲနှင့်နှမ်းသာအဓိကထားစိုက်ပျိုးကြပြီး နောက် နှစ်မိုးကောင်းကောင်းလောက်မိရင် နှမ်းများအထွက်တိုးနိုင်ကာ နှမ်းစိုက် တောင်သူများ နှမ်းရနိုင်ပြီး နှမ်းနှုတ်သိမ်းချိန် ဈေးကောင်းရရှိရန်မျှော်လင့် နေကြကြောင်း သိရသည်။
နှမ်းကြီးတစ်တင်း နှမ်းအသစ်တစ်တင်း သုံးသောင်းရှစ်ထောင်ဈေးရောင်းချခဲ့ရပြီး၊ နှမ်းဆီ တစ်ပိသာ ခြောက်ထောင်ငါးရာကျပ်ရောင်းချရကြောင်း ငါ့သရောက်မြို့ ဆီစက်ပိုင်ရှင် ဒေါ်အေးမိုးမှ ရှင်းပြသည်။ နှမ်းဈေးကတော့ မနှစ်ကအသစ်ဈေးလည်း သုံးသောင်း ရှစ်ထောင်ကျပ်၊ယခု အဟောင်းဈေးလည်း သုံးသောင်းရှစ်ထောင်ကျပ် ယခုနှစ်နှမ်း နှုတ်သိမ်း အသစ်ပေါ်ချိန် မနှစ်ကဈေးထက်မနိမ့်ကျဖို့တောင်သူအများစု မျှော်လင့်နေကြ ကြောင်း တက်မကျေးရွာ နှမ်းစိုက်တောင်သူ ဦးမောင်ဌေးကရှင်းပြ၍သိရသည်။
ကိုထိန်၊KPD