သတင်းများ

မိုင်းပန်မြို့နယ် ပြည်သူ့ဆေးရုံတွင် Community Based Facility Quarantine ဝင်ရောက်နေသူ (၁၁) ဦး အား RDT Test Kit ဖြင့် ဒုတိယအကြိမ်ထပ်မံစ်ဆေး
Jul 15,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယနေ့နံနက်ပိုင်း က ပြည်သူ့ဆေးရုံအတွင်းရှိ Community Based Facility Quarantine နေရာတွင်ထားရှိသူ (၁၁) ဦးအနက် (၇) ရက်ပြည့်ပြီးသူ (၁ဝ) ဦးတို့အား ဒုတိယအကြိမ် RDT Test Kit ဖြင့် စစ်ဆေးခဲ့ကြောင်းနှင့် ဆေးရုံတက်ရောက် ဆေးကုသမှုခံယူနေသည့် ဖျားနာနေသူ (၁) ဦးတို့ အား RDT Test Kit ဖြင့် စစ်ဆေးခဲ့ရာ COVID-19 ရောဂါပိုး မတွေ့ရှိကြောင်း သိရသည်။
ဝါးခယ်မမြို့၌ ကိုဗစ်-၁၉ ရောဂါ ပိုးကူးစက်ခံရသူ(၈)ဦးထပ်မံတွေ့ရှိ
Jul 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်ခံသူ (၈)ဦးထပ်မံ တွေ့ ရှိခဲ့ ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဇူလိုင်လ ၁၄ ရက်နေ့ ညနေ သတင်းထုတ်ပြန်ချက် အရသိရသည်။
မြဝတီမြို့၌ ကိုဗစ်-၁၉ပိုးတွေ့လူနာ ၉၀ ဦးထပ်မံတွေ့ရှိ
Jul 15,2021
မြန်မာထိုင်းနယ်စပ် မြဝတီမြို့၌ ယမန်နေ့တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူအသစ် ၉၀ ဦးတွေ့ ရှိပြီး သေဆုံးသူ ၅ ဦး ရှိကြောင်း သိရသည်။ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားသူများအား မဲကနယ် ကိုဗစ် positive စင်တာနှင့် ကျောက်လုံးကြီး ကိုဗစ် positive စင်တာတို့ ဖွင့်လှစ်ထားရှိပြီး ကုသပေးလျက်ရှိကာ အထူး ကြပ်မတ်ကုသရန်လိုအပ်သည့် လူနာများအား မြဝတီခရိုင် ပြည်သူ့ဆေးရုံကြီးနှင့် သင်္ဃန်းညီနောင် တိုက်နယ်ဆေးရုံတို့တွင် အထူးကြပ်မတ် ကုသပေးလျက်ရှိကြောင်း သိရသည်။
ဝါးခယ်မမြို့နယ်၌ လိုအပ်လျှက်ရှိသော Oxygen ထုတ်လုပ်သည့် စက်ဝယ်ယူနိုင်ရေးညှိနှိုင်း အစည်းအဝေးပြုလုပ်
Jul 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားခြင်းမှ ကြိုတင် ကာကွယ်နိုင်ရေးနှင့် ထိရောက်သော ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်နိုင်ရေးတို့အတွက် ရည်ရွယ်၍ Oxygen ထုတ်လုပ်သည့်စက်ဝယ်ယူနိုင်ရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညနေပိုင်းက မြသိန်းတန်ရပ်ကွက်၊ မြို့ပတ်လမ်း၊ AKD Hotelတွင် ပြုလုပ်ခဲ့‌‌ကြောင်း သိရသည်။
ဖားကန့်ကျောက်မျက် လုပ်ငန်းရှင်းများအသင်းမှ မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကော်မတီထံ ငွေကျပ်သိန်း(၁၀၀)နှင့် Oxygen ဗူးများ လှူဒါန်း
Jul 15,2021
ကချင်ပြည်နယ် ဖားကန့်မြို့ ကျောက်မျက်လုပ်ငန်းရှင်များအသင်း မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေး ကော်မတီထံ ငွေကျပ်သိန်း (၁၀၀)နှင့် Oxygen ဗူးများအား ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်ခန့်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံးတွင် ပေးအပ်လှူဒါန်းခဲ့သည်။
မိုးညှင်းမြို့နယ်တွင် ကျေးရွာချင်းဆက်လမ်း စိမ်းလန်းစိုပြေရေးအတွက် သစ်ပင်စိုက်ပျိုး ပွဲတော်ကျင်းပ
Jul 15,2021
ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ မိုးညှင်းမြို့နှင့် ရွှေပေါက်ကံကျေးရွာ ချင်းဆက်လမ်း စိမ်းလန်းစိုပြေရေးနှင့် မိုးရာသီသစ်ပင်စိုက်ပွဲတော် အထိမ်းအမှတ်အဖြစ် ယမန်နေ့ နံနက် ၈ နာရီခန့်က ကျင်းပခဲ့သည်။
မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့လူနာ ၁၈ ဦး ထပ်မံတွေ့ရှိ
Jul 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ယမန်နေ့ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ လူနာနှင့် ဆက်စပ်ထိတွေ့ခဲ့သည့်သူများအား RDT Test Kit ဖြင့် ဆက်လက်စစ် ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့အတည်ပြုလူနာ ၁၈ ဦး ထပ်မံစစ်ဆေးတွေ့ရှိကြောင်း မြို့နယ် ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနမှ သိရသည်။
ဖားကန့်မြို့နယ်အတွင်းက ကိုဗစ်-၁၉ရောဂါ သံသယရှိလူနာများအား Task Kit ဖြင့် စစ်ဆေးရာ အတည်ပြုလူနာ(၁၀၀)ကျော်တွေ့ရှိ
Jul 15,2021
ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းက ကိုဗစ်-၁၉ရောဂါ သံသယရှိလူနာများအား Test kit ဖြင့် ဇူလိုင်(၁၀)ရက်နေ့ မှစတင်စစ်ဆေးခြင်း လုပ်ငန်းများကို မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာဂွမ်းဆိုင်လီ ဦးဆောင်၍ လူမှုရေးအသင်းအဖွဲ့များနှင့်အတူ စစ်ဆေး ခဲ့ကြောင်း သိရသည်။