သတင်းများ

ဝမ်းတွင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြု လူနာသစ်(၂၄)ဦး ထပ်မံတွေ့ရှိ
Jul 15,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ် ပြည်သူ့ဆေးရုံအတွင်း အနံပျောက်နှင့် ထိစပ်မှုရှိသူများအား RDT Test Kit ဖြင့် စစ်ဆေးပေးခြင်းများ ကို ယနေ့နံနက်(၇)နာရီ အချိန်က ဆောင်ရွက်ပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး ရှိသူ(၂၄)ဦး တွေ့ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ထံမှ သိရသည်။
ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအား ကိုဗစ်-၁၉ ကာကွယ်ရေး ဆောင်ရွက်ထားရှိမှုများနှင့် ပတ်သက်၍လှည့်လည်စစ်ဆေး
Jul 15,2021
ပြည်ကြီးတံခွန်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့်အဖွဲ့ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအား ကိုဗစ်-၁၉ ကာကွယ်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ လှည့်လည်စစ်ဆေးခြင်းကို ယနေ့ မွန်းလွဲပိုင်း က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သန်လျင်၌ ကိုဗစ်- (၁၉) ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများဆောင်ရွက်
Jul 15,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ်အတွင်း ကိုဗစ် - ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် မြို့နယ် ကိုဗစ် - ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးလုပ်ငန်းကော်မတီမှ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ မီးသတ်ယာဉ်ဖြင့် အသိပညာပေးခြင်းအား ယမန်နေ့ညပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြိတ်မြို့ရှိ တစ်ကမ္ဘာလုံး အေးမြချမ်းသာဘုရားကြီးတွင် ကမ္ဘာ့အကြီးဆုံး နှီးဘုရားကြီးနှင့် ခေမရဌ မာရိတ်​စေတီ​တော် တည်ထားပူဇော်ရန် ဆောင်ရွက်လျက်ရှိ
Jul 15,2021
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ် စန္ဒဝတ်ကျေးရွာရှိ တစ်ကမ္ဘာလုံး အေးမြချမ်းသာဘုရားကြီးတွင် ကမ္ဘာကြီး​အေးမြချမ်းသာစေရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘာ့အကြီးဆုံး နှီးဘုရားကြီး နှင့် ခေမရဌမာရိတ်​စေတီ​တော် တည်ထားပူဇော်ရန် ကမ္ဘာလုံးကျောင်းတိုက်ဆရာတော် ဦးဆောင်၍ သာသနာပြု လုပ်ငန်းများ ဆောင်ရွက်လျက် ရှိသည်။
ဘားအံမြို့နယ်၌ ကိုဗစ် - ၁၉ရောဂါကူးစက်ပြန့်ပွားမှုအန္တရာယ် ကာကွယ်တာဆီးနိုင်ရန် Mask Campaign ပြုလုပ်ဆောင်ရွက်
Jul 15,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိပြည်သူများ လတ်တလောဖြစ်ပွားလျက်ရှိသည့် ကူး စက်မြန် COVID – 19ကပ်ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် Mask Campaign ပြုလုပ်ဆောင်ရွက်ခြင်းကို ယမန်နေ့က ဘားအံပြည်သူ့ဆေးရုံအရှေ့၊ ဖိုးလမင်းကုန်တိုက်အရှေ့နှင့်
အင်္ဂပူမြို့နယ်၊ ကွင်းကောက်မြို့၊မြတ်ဓမ္မရောင်ခြည်သာသနာဗိမာန်တွင် ဖွင့်လှစ် ဆောင်ရွက်မည့် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများအားကုသရေး Centerအားများမှကြည့်ရှုစစ်ဆေး
Jul 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ကွင်းကောက်မြို့၊ မြတ်ဓမ္မရောင်ခြည်သာသနာ့ ဗိမာန်တွင် ဖွင့်လှစ်ဆောင်ရွက်မည့်ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများအား ကုသရေးCenter ဆောင် ရွက်ထားမှုကို မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်မိုး ဦးဆောင်သော မြို့ နယ်အဆင််ဌာနဆိုင်ရာ အကြီးအကဲ များယနေ့နံနက်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ကွမ်းခြံကုန်းမြို့နယ် Quarantine Centre ကြည့်ရှုစစ်ဆေး
Jul 15,2021
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးနေဝင်းအောင် ဦးဆောင်သောအဖွဲ့သည် ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်မှ Quarantine Centre ဆောင်ရွက်ထားရှိမှုနှင့် ရုံးဝန်ထမ်းများ၊ Volunteer များအား ကိုဗစ်−၁၉ ကာကွယ်ရေး ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ပုသိမ်မြို့၌ Quarantine Centre များတွင် ဆောင်ရွက်လျက်ရှိသည့်စေတနာ့ ဝန်ထမ်းများအား ထောက်ပံ့ငွေ နှင့်ပစ္စည်းများပေးအပ်
Jul 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့တွင် ယနေ့နံနက် ၁၀ နာရီ အချိန်က Quarantine ဝင် ရောက်နေသည့် ပြည်သူများ၏ လိုအပ်ချက် များကို ဆောင်ရွက်ပေးလျက်ရှိသည့် စေတနာ့ ဝန်ထမ်းများအား ထောက်ပံ့ ပစ္စည်းများပေးအပ်ခဲ့ပါသည်။