သတင်းများ

ပင်လောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာ   ၂၈ ဦး ထပ်မံတွေ့ရှိစုစုပေါင်း အတည်ပြုလူနာ ၁၁၄ ဦးရှိပြီဖြစ်
Jul 15,2021
ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ်၌ ဇူလိုင် ၁၅ ရက်တွင် ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ ၂၈ ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ် ပြည်သူ့ဆေးရုံမှ  သိရသည်။ယနေ့တွေ့ရှိသည့် ကိုဗစ်-၁၉ ရောဂါ  အတည်ပြုလူနာများသည် ပင်လောင်းမြို့ ရုံးဝင်း ရပ်ကွက်မှ အမျိုးသား သုံးဦး၊ အမျိုးသမီး ခြောက်ဦး၊ အနောက်ရပ်ကွက်မှ အမျိုးသား နှစ်ဦး၊ အမျိုးသမီးတစ်ဦး၊ ကံသာဦးရပ်ကွက်မှ အမျိုးသား တစ်ဦး၊ နန်းတုတ်ကျေးရွာအုပ်စု နန်းတုတ်ရွာမှ အမျိုးသား သုံးဦး၊ အမျိုးသမီး ခြောက်ဦး၊  ဘန်းပြင်ဘုန်းကြီးကျောင်းမှ အမျိုးသားတစ်ဦး၊  တီကျစ်ကျေးရွာအုပ်စု တီကျစ်အလယ်ပိုင်းမှ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး လေးဦး  စုစုပေါင်း အတည်ပြုလူနာ ၂၈ ဦး ထပ်မံတွေ့ရှိခဲ့သည်။
တောင်တွင်းကြီးမြို့ ရန်ပယ်ပြည်သူ့အားကစားကွင်း၌ မိုးလုံလေလုံအားကစားခန်းမ တည်ဆောက်ခြင်း လုပ်ငန်း ၂၀ ရာခိုင်နှုန်းပြီးစီး
Jul 15,2021
ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍရေးနှစ် ခွင့်ပြုရန်ပုံငွေ ၂၈၅သန်းဖြင့် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာန၊ ရန်ပယ်ပြည်သူ့အားကစားကွင်း အတွင်း၌ နိုင်ငံတော်မှ အားထားရသည့် အနာဂတ်မျိုးဆက်သစ် အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ (၁၂၀×၉၀×၂၆)ပေ Steel Structure မိုးလုံလေလုံအားကစားခန်းမကြီးကို မေလ(၁၅)ရက်နေ့ကစတင်၍ မကွေးအောင်မင်း ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ယူ တည်ဆောက် လျက်ရှိကြောင်းသိရသည်။
ရွှေသောင်ယံမြို့တွင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် စစ်ဆေးရေး ဂိတ်ပြန်လည်ဖွင့်လှစ်
Jul 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါပြန့်ပွားမှုနှုန်း လျှော့ချနိုင်ရန် အတွက် လူဝင်လူထွက်စစ်ဆေးရေး ဂိတ်ကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ ရွှေသောင်ယံမြို့ တံတား ထိပ်၌ ပြန်လည် ဖွင့် လှစ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဝန်းသိုမြို့နယ် ကံကုန်းကျေးရွာတွင် ရွာအဝင်ကွန်ကရစ်တံတားတည်ဆောက်ခြင်းလုပ်ငန်း ၆၀ ရာခိုင်နှုန်းကျော်ပြီးစီး
Jul 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်၊ ကံကုန်းကျေးရွာတွင် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ အကောင်အထည်ဖော်ဆောင်ရွက်နေသော ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံ ကိန်း(VDP)ရန်ပုံငွေနှင့် ကျေးရွာလူထုပူးပေါင်း၍ အရှည်ပေ(၈၀)ကျော်ရှိ ရွာအဝင်ကွန်ကရစ်တံတားတစ်စင်း ကို တည်ဆောက်လျက်ရှိရာ လက်ရှိအချိန်တွင် လုပ်ငန်းအားလုံး၏ ၆၀ရာခိုင်နှုန်းကျော်ပြီးစီးနေပြီဖြစ် ကြောင်း မြို့နယ်ကျေးလက်ဦးစီးမှူး ဦးမြတ်မျိုးထွန်းထံမှ သိရသည်။
ပေါင်းတည်မြို့ပေါ်ရှိ Facility Quarantine Centre တွင် Quarantine ဝင်နေ သူများအတွက် အစားအသောက်များ လှူဒါန်း
Jul 15,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့ပေါ်ရှိ Facility Quarantine Centre တွင် Quarantine ဝင်ရောက်နေသူများကို ယနေ့ နံနက်ပိုင်းက အစားအသောက်များ လှူဒါန်းခဲ့ ကြောင်း သိရသည်။
ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကာလအတွင်း ပြည်သူများ စားသုံးဆီအခက်အခဲမရှိစေ ရန် တနင်္သာရီတိုင်း ဒေသကြီး သမဝါယမဦးစီးဌာနက ပဲဆီသန့်များ ဖြန့်ဖြူးရောင်းချပေးလျက်ရှိ
Jul 15,2021
ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ပြည်သူ များ စားသုံးဆီအခက်အခဲမရှိစေ ရေးနှင့် ကျန်းမာရေးနှင့် ညီညွတ်သည့် ဆီကို စျေးနှုန်းချိုစွာ အလွယ်တကူ ဝယ်ယူရရှိနိုင်စေရေးအတွက် တနင်္သာရီ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အတူ တိုင်းဒေသကြီး သမဝါယမဦးစီးဌာနက မြေပဲဆီ သန့်သန့်များကို ဇူလိုင်လဆန်း က စတင်၍ ဖြန့်ဖြူးရောင်းချ ပေးလျက်ရှိကြောင်း တိုင်းဒေသကြီး သမဝါယမဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဥမ္မာမြင့်ထံက သိရသည်။
ဝါးခယ်မမြို့၌ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသူ(၈)ဦးထပ်မံတွေ့ရှိ
Jul 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင်ကိုဗစ်-၁၉ရောဂါ ပိုးကူးစက်ခံသူ (၈)ဦးထပ် မံတွေ့ ရှိခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ဇူလိုင်လ ၁၄ ရက်နေ့ ညနေ သတင်းထုတ်ပြန်ချက် အရသိရသည်။
ပင်လည်ဘူးမြို့၌ ယနေ့နံနက် ကိုဗစ်-၁၉ အတည်ပြုလူနာ (၄၄)ဦး ဆေးရုံးမှဆင်းခွင့်ရ
Jul 15,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာပေါင်း (၈၄) ဦးရှိပြီး ယနေ့နံနက်တွင် ဆေးရုံးမှဆင်းခွင့်ရရှိသူ (၄၄) ဦးရှိကြောင်း မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီထံမှ သိရသည်။