ကွမ်းခြံကုန်း ဇူလိုင် ၁၅
ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးနေဝင်းအောင် ဦးဆောင်သောအဖွဲ့သည် ယမန်နေ့နံနက် ၉ နာရီအချိန်တွင် ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်တောင်ပိုင်းခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်မှ Quarantine Centre ဆောင်ရွက်ထားရှိမှုနှင့် ရုံးဝန်ထမ်းများ၊ Volunteer များအား ကိုဗစ်−၁၉ ကာကွယ်ရေး ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဦးနေဝင်းအောင်၊ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ဝင်းမိုးနိုင်တို့က မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်း ကော်မတီဝင်များနှင့် တွေ့ဆုံ၍ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်မှုဆိုင်ရာ ကိစ္စရပ်များ၊ Quarantine Centre ဆောင်ရွက်ထားရှိမှု အခြေအနေများကို ဆွေးနွေးပြီး မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရုံးဝန်ထမ်းများ Volunteer များအတွက် ပါးစပ်နှာခေါင်းစည်း (Mask)၊ လက်သန့်ဆေးရည်များနှင့် စားနပ်ရိက္ခာများ ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ဆက်လက်၍ ကွမ်းခြံကုန်းမြို့နယ်ရှိ ကိုဗစ်-၁၉ ရောဂါ Positive လူနာထားရှိသည့် အရှေ့ကျောင်းတိုက် Quarantine Centre တို့ကို သွားရောက် ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းခဲ့ကြောင်း သိရသည်။