မန္တလေး ဇူလိုင် ၁၅
ပြည်ကြီးတံခွန်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီနှင့်အဖွဲ့ မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာများအား ကိုဗစ်-၁၉ ကာကွယ်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ လှည့်လည်စစ်ဆေးခြင်းကို ယနေ့ မွန်းလွဲပိုင်း က စတင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် ပြည်ကြီးတံခွန်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌဦးသန်းနိုင်နှင့် အဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာန(Community Centre)နှင့် မြို့နယ် ဥပဒေရုံးများသို့ သွားရောက်ကာ ကိုဗစ်-၁၉ ကာကွယ်ရေးဆောင်ရွက်ထားရှိမှု အခြေအနေများ နှင့်ပတ်သက် ၍ စနစ်တကျဆောင်ရွက်ထားရှိမှုရှိ/မရှိ၊နှာခေါင်းစည်း(Mask) စနစ်တကျတပ်ဆင်ခြင်းရှိ/မရှိ၊ ကိုယ်အပူချိန် တိုင်းတာခြင်းရှိ/မရှိ၊ လက်ဆေးဘေစင်ဆောင်ရွက်ထားရှိမှု ရှိ/မရှိ အစရှိသော ကိုဗစ်-၁၉ ကာကွယ်ရေး လုပ်ငန်း များအား စနစ်တကျဆောင်ရွက်ထားရှိ အခြေအနေများအား လှည့်လည်စစ်ဆေးခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်းမှာရှိတဲ့ ဌာနဆိုင်ရာတွေကို ကိုဗစ်-၁၉ ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေတွေ့ကို လှည့်လည်စစ်ဆေးတာပါ၊ ဒီနေ့ မွန်းလွဲပိုင်းက စပြီး စစ်ဆေးနေတာပါ၊ မနက်ဖြန်မှာလည်း လှည့်လည် စစ်ဆေးဆောင်ရွက်သွားမှာပါ မြို့နယ်အတွင်းမှာရှိတဲ့ ဌာနဆိုင်ရာအားလုံးကို စစ်ဆေးသွားမှာပါ ဟု ပြည်ကြီးတံခွန်မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးသန်းနိုင် ထံမှသိရသည်။
သန်းဇော်မင်း