လက်ပံတန်းမြို့နယ်တွင် ပိုးတွေ့လူနာသစ် (၁၀၀) ဦးရှိပြီး ပိုးတွေ့ရှိသူ (၁၆၁၆) ဦးရှိ
Jul 15,2021
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ယမန်နေ့ ညနေ ၆ နာရီထိ ပိုးတွေ့လူနာသစ် (၁၀၀) ဦးတွေ့ရှိပြီးတစ်ဦးထပ်မံသေဆုံးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူပေါင်း (၁၆၁၆) ဦးရှိပြီး သေဆုံးသူ (၂၀) ဦးရှိကာ ပိုးတွေ့နှုန်း မြင့်တက်လျက်ရှိကြောင်း သိရသည်။ သေဆုံးသူမှာ လုလင်ကျော်ကျေးရွာအုပ်စု၊ မြို့မကျေးရွာနေအသူ(၇၃)နှစ်အရွယ် အမျိုးသားသည် ဇီးဖြူကုန်းတိုက်နယ်ဆေးရုံသို့ တက်ရောက်ကုသရာ swab စစ်ဆေးချက်အရ ကိုဗစ်ပိုးတွေ့ရှိခဲ့ပြီး ဆေးကုသမှုခံ ယူစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။