ဝမ်းတွင်း၊ ဇူလှိုင် ၁၅
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်ပြည်သူ့ဆေးရုံအတွင်း အနံ့ပျောက်နှင့် ထိစပ်မှု ရှိသူများအား RDT Test Kit ဖြင့် စစ်ဆေးပေးခြင်းများ ကို ယနေ့နံနက်(၇)နာရီ အချိန်က ဆောင်ရွက်ပေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး ရှိသူ(၂၄)ဦး တွေ့ရှိကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ထံမှ သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးရှိသူများမှာ ဝမ်းတွင်း(၁)ရပ်ကွက်မှ (၂)ဦး၊ သုံးဒေါင့်အိုင်ကျေးရွာမှ (၁)ဦး၊ လေးမျက်နာကျေးရွာမှ (၁)ဦး၊ ရွာရှည်ကျေးရွာမှ (၅)ဦး၊ ရွာတန်းကျေးရွာမှ (၃)ဦး၊ ဖိုကုန်းကျေးရွာမှ (၁)ဦး၊ ဖလန်ကန်ကျေးရွာမှ (၁)ဦး၊ ထနောင်ကုန်းကျေးရွာမှ (၁)ဦး၊ ဝမ်းတွင်း (၃)ရပ်ကွက်မှ (၁)ဦး၊ ဗဒင်းကျေးရွာမှ (၁)ဦး၊ သပြေရိုးကျေးရွာမှ (၂)ဦး၊ ရိုးကန်ကျေးရွာမှ (၄)ဦး၊ လျှော်ပင်ကျေးရွာမှ (၁)ဦး စုစုပေါင်း ပိုးတွေ့သူ (၂၄)ဦး ရှိကြောင်းနှင့် အဆိုပါ ပိုးတွေ့လူနာများအား မြို့နယ်ပြည်သူ့ဆေးရုံ ကိုဗစ်-၁၉ ကုသ ဆောင်တွင် ကျား (၃၄) ဦး၊ မ(၄၆)ဦး ပေါင်း(၈၀)ဦးနှင့် ်မြို့နယ်အားကစားကွင်း မိုးလုံလေလုံ အားကစားရုံ ကိုဗစ်-၁၉ ရောဂါကုသဆောင်တို့တွင် ကျား (၄၈)ဦး၊ မ(၃၇)၊ ပေါင်း(၈၅)ဦး၊ စုစုပေါင်း ပိုးတွေ့လူနာ(၁၆၅)ဦးတို့သည် ဆေးကုသမှု ခံယူလျက်ရှိကြောင်းနှင့် ပိုးတွေ့လူနာများနှင့် ဆက်စပ်ထိတွေ့သူများအား စုံစမ်းဖော်ထုတ်၍ ကျန်းမာရေး စောင့်ရှောက်မှုများ ပေးနိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ဌေးလှိုင်(ဝမ်းတွင်း)