သတင်းများ

မချမ်းဘော့မြို့နယ်အတွင်း လမ်းဦးစီးဌာနမှ သစ်ပင်စိုက်ပျိုး
Jul 15,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ်တွင် ဆောက်လုပ်ရေး ဝန်ကြီးဌာန၊လမ်းဦးစီးဌာနအနေဖြင့် မချမ်းဘော့မြို့တွင်းပြည်ထောင်စု လမ်းမကြီးလမ်းဘေးဝဲယာနှင့် ထရန်ဒမ်းကျေးရွာတွင်း လမ်းဘေးဝဲယာတွင် ယနေ့ နံနက် ၈ နာရီအချိန်တွင် သစ်ပင်စိုက်ပျိုးခဲ့ကြသည်။
ကျောက်တံခါးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါဖြင့် ပိုးတွေ့လူနာသစ် (၇၇)ဦး ထပ်မံတွေ့ရှိ (၂)ဦးသေဆုံး
Jul 15,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်အတွင်းရှိ  အနံ့မရသူများ ဖျားနာသူများ အား အာခေါင်တို့ပတ် နှာခေါင်းတို့ပတ်ရယူကာ ရန်ကုန်မြို့အမျိုးသားဓာတ်ခွဲဌာနသို့ ပေးပို့စစ် ဆေးခြင်း၊ RDTဖြင့် စစ်ဆေးခြင်းများပြုလုပ်ခဲ့ရာ ယမန်နေ့က ကိုဗစ်- ၁၉ပိုးတွေ့ လူနာသစ် (၇၇)ဦး တွေ့ရှိခဲ့ပြီး(၂)ဦး သေဆုံးခဲ့၍ စုစုပေါင်းပိုးတွေ့လူနာပေါင်း (၇၉၃)ဦးအထိရှိလာပြီး  သေဆုံးသူ(၇)ဦးရှိ ပြီဖြစ်ကြောင်းသိရသည်။
သီပေါမြို့နယ်တွင် ကိုဗစ်−၁၉ ရောဂါပိုး တွေ့လူနာ(၂၉)ဦး ထပ်မံတွေ့ရှိပြီး မြို့နယ်အတွင်း ပိုးတွေ့လူနာပေါင်း(၃၃၁)ဦး အထိရှိလာ
Jul 15,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင်ဇူလိုင်လ ၁၄ ရက်နေ့က ကိုဗစ်−၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာ(၂၉)ဦး ထပ်မံတွေ့ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ     သိရသည်။
ဘိုကလေးမြို့နယ်အတွင်းမှ စားသောက်ဆိုင်၊ လက်ဘက်ရည်ဆိုင်များအား ပါဆယ် စနစ်ဖြင့်သာ ရောင်းချခွင့်ပြုတော့မည်
Jul 15,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ကိုဗစ်-၁၉ ကူးစက်ရောဂါ နေ့စဉ်နှင့်အမျှ ကူးစက်မှုနှုန်း တိုးပွားလာပြီး အတည်ပြု လူနာများ ပိုမိုများပြားလာသည်နှင့်အမျှ ထပ်မံကူးစက်ပြန့်ပွားမှု မရှိစေရေးနှင့် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းမှ စားသောက်ဆိုင် များ၊ လက်ဘက်ရည်ဆိုင်များအား ဆိုင်ထိုင်စားသောက်ခွင့် မပြုတော့ဘဲ ဇူလိုင်(၁၆)ရက်နေ့မှ စတင်၍ နံနက်(၆)နာရီမှ ည(၈)နာရီအထိ ပါဆယ် စနစ်ဖြင့်သာ ရောင်းချသွားရန် ၎င်းဆိုင်များအား မြို့နယ်စည်ပင်သာယာရေး အဖွဲ့မှ အသိပေး ဆောင်ရွက်ထားသည်။
လောက်ကိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ရောဂါကြိုတင်ကာကွယ်မှု စစ်ဆေး
Jul 15,2021
လောက်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးသိန်းဇော်ဦးနှင့် ရုံးအဖွဲ့သည် ယနေ့နံနက် (၁၁:၀၀) နာရီအချိန် က ရောဂါကြိုတင်ကာကွယ်မှုများကို စစ်ဆေးခဲ့သည်။
ပင်းတယမြို့၌ ခရမ်းချဉ်သီးခူးဆွတ်ရောင်းချ၊ တောင်သူများဈေးကောင်းရရန် မျှော်လင့်
Jul 15,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်၌ ဇူလိုင်လ ပထမအပတ်မှစတင်၍ ခရမ်းချဉ်သီးများ ခူးဆွတ်ရောင်းချလျက်ရှိသည်။ အဆိုပါ ခရမ်းချဉ်သီးများ ခူးဆွတ်ရောင်းချရာတွင် ယခင်လက တစ်ပိဿာ (၁၀၀၀) ကျပ်နှုန်းမှ ယခုအခါ တစ်ပိဿာလျှင် (၅၀၀) ကျပ်နှုန်းဖြင့်သာ ခူးဆွတ်ရောင်းချရကြောင်း၊ တောင်သူများအနေဖြင့် ကိုဗစ်-၁၉ တတိယ လှိုင်းတွင် အသွားအလာ ကန့်သတ်မှုများနှင့် ဈေးနှုန်းမတည်ငြိမ်မှုများကြောင့် ဈေးအရောင်းအဝယ် အေးနေကြောင်း သိရသည်။ 
သီပေါမြိုနယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ကုသရေးအတွက် ကျန်းမာရေး အထောက်အကူပြုပစ္စည်းများပေးအပ်လှူဒါန်း
Jul 15,2021
အသက်ရှုလမ်းကြောင်းဆိုင်ရာ     ကိုဗစ်-၁၉ရောဂါကာကွယ် ကုသရေးအတွက်         ကျန်းမာရေး အထောက်အကူပြုပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယမန်နေ့ညနေ (၄)နာရီ အချိန်ခန့်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။     
နွားထိုးကြီးမြို့တွင် စားသောက်ဆိုင်များ၊ ဆေးဆိုင်များ ဖွင့်လှစ်ထားရှိမှု ကြည့်ရှုစစ်ဆေး
Jul 15,2021
နွားထိုးကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးအနေဖြင့် ဖွင့်လှစ် ထားရှိသည့် စားသောက်ဆိုင်များ၊ ဆေးဆိုင်များကို သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း လိုက်နာ ဆောင်ရွက်မှု ရှိ၊ မရှိကို ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။