ပုသိမ် ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့တွင် ယနေ့နံနက် ၁၀ နာရီ အချိန်က Quarantine ဝင် ရောက်နေသည့် ပြည်သူများ၏ လိုအပ်ချက် များကို ဆောင်ရွက်ပေးလျက်ရှိသည့် စေတနာ့ ဝန်ထမ်းများအား ထောက်ပံ့ ပစ္စည်းများပေးအပ်ခဲ့ပါသည်။
အဆိုပါ စေတနာ့ ဝန်ထမ်းများအား ထောက်ပံ့ပေးအပ်မှုကို ပုသိမ်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဗိုလ်မှူးမင်းမင်းနှင့် ပုသိမ်မြို့နယ် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးယောမင်းထွန်း၊ မြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကော်မတီအဖွဲ့မှ တာဝန်ရှိသူများက ပုသိမ်မြို့ တွင် ဖွင့်လှစ်ထားသည့် Quarantine Centre များဖြစ်သည့် တိုင်းသမဝါယမသင်တန်းကျောင်း ၊ ကိုးသိန်း အားကစားကွင်း ၊သာသနာ့ဗိမာန်၊ ပုသိမ်တက္ကသိုလ်ဝန်းရှိ နန္ဒဆောင်တို့မှ စေတနာ့ဝန်ထမ်းများ အား စင်တာ ထောက်ပံငွေနှင့် ကာကွယ်ရေးပစ္စည်းများ ပေးအပ်ရာ Quarantine Centre များမှ တာဝန်ရှိသူများကလက်ခံခဲ့ကြသည်။
ထိုသို့ ထောက်ပံ့ပစ္စည်းများ ပေးအပ်ရာတွင်ပုသိမ်မြို့ရှိ Quarantine Centre ကွပ်ကဲရေးတွင် ဝင်ရောက်နေသည့် စေတနာ့ဝန်ထမ်းကျား (၁၆)ဦးအား PPE ဝတ်စုံ၊ Mask ၊ လက်သန့်ဆေးရည်၊ လက်အိတ်၊ ဆပ်ပြာ၊ ဆပ်ပြာမှုန့်၊ ဖူးစောင်၊သွားတိုက်ဆေး စသည်တို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။
မြင့်ဟန်