အင်္ဂပူ၊ ဇူလိုင်၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် ကွင်းကောက်မြို့၊ မြတ်ဓမ္မရောင်ခြည်သာသနာ့ ဗိမာန်တွင် ဖွင့်လှစ်ဆောင်ရွက်မည့်ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများအား ကုသရေးCenter ဆောင် ရွက်ထားမှုကို မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးအောင်ကျော်မိုး ဦးဆောင်သော မြို့ နယ်အဆင််ဌာနဆိုင်ရာ အကြီးအကဲ များယနေ့နံနက်က ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် ကွင်းကောက်ဒေသကိုဗစ်- ၁၉ ထိန်း ချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန့်ရေး ကော်မတီဝင် များမှစင်တာဖွင့်လှစ် ဆောင်ရွက်မည့် အစီအစဉ်များ နှင့်လူနာများအား ကျန်းမာရေး စောင်ရှောက်မှူ ပေးမည့် အစီ အစဉ်များ၊ Oxygenဗူးများရရှိ ရေးအတွက်ဆောင်ရွက်ထားမှုတို့အား ရှင်းလင်းတင်ပြရာ မြို့နယ် ကိုဗစ်-၁၉ ရော ဂါကာကွယ်၊ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌမှ လိုအပ်သည်များအား ပေါင်းစပ် ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများကုသရေး Center တွင် ပိုးတွေ့လူနာ(၅၇)ဦးအား စောင့်ကြပ် ကြည့်ရှု ကုသပေး မည်ဖြစ် ကြောင်းနှင့် ဇူလိုင်(၁၆)ရက်မှ စတင်ပြီး လူနာများအားထားရှိနိုင်မည်ဖြစ် ကြောင်း ကွင်းကောက်ဒေသ ကိုဗစ်- ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန့်ရေး ကော်မတီထံမှသိရသည်။
မန်းကျော်