ဖြူး ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ဖြူးမြို့နယ်၌ ကိုဗစ် - ၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ကုသရေး မြို့နယ်အဆင့် ကော်မတီဝင်များက ယနေ့နံနက်ပိုင်းက အုတ်ဖြတ်လမ်းဆုံတွင် လမ်းသွား လမ်းလာသူများအား နှာခေါင်စည်း(Mask) တပ်ဆင်ခြင်း ရှိ၊ မရှိ ၊ ပါဆယ်စနစ်ဖြင့် ရောင်းချခြင်း ရှိ၊ မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး မြို့နယ်အဆင့် ကော်မတီဝင်များ၊ စေတနာ့ဝန်ထမ်းများက နှာခေါင်းစည်း (Mask) မတပ်ဆင်သူများအား အပြင်ထွက်တိုင်း တပ်ဆင်သွားရန် အသိပညာပေးပြီး မတပ်ဆင်သူများအား အခုဝယ် အခုတပ်ဆင်စေခြင်းစနစ်ဖြင့် ဝယ်ယူစေခြင်း၊ စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချမှု အခြေအနေများအား စစ်ဆေးပြီး ကိုဗစ်-၁၉ရောဂါကူးစက်မှုမရှိစေရေးပူးပေါင်း သွားကြရန် အသိပညာပေးခဲ့ကြောင်း သိရသည်။
နေမျိုးလွင်