ထားဝယ် ဇူလိုင် ၁၅
မြန်မာနိုင်ငံအတွင်း မျိုးရိုးဗီဇပြောင်းလဲလာသော ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု များပြားလာသဖြင့် ကူးစက်ခံရသူအရေအတွက် နေ့စဉ်မြင့် တက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး ထားဝယ် မြို့နယ်၊ ထားဝယ်ပြည်သူ့ဆေးရုံကြီး၊ ကုသရေး အဆောင်တွင် ထားဝယ်မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့က ကိုဗစ်-၁၉ ပိုးတွေ့လူနာများ ထားရန်အတွက် သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် ထားဝယ်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့မှူး ဦးကိုကိုနိုင် ဦးဆောင် ၍ တပ်ဖွဲ့ဝင်များက ကုသရေးအဆောင်တွင် ကုတင်(၃၂)လုံးအား ပလတ် စတစ်နှင့် အခင်းပိုင်းများလဲလှယ်ပေးပြီး ကုသရေး ဆောင်အတွင်း သန့်ရှင်း သန့်ရပ်ရေးအတွက် စုပေါင်း၍ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။
ကျော်ကျော်လတ်