ရန်ကုန် ဇူလိုင် ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင် (သင်္ဃန်းကျွန်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနသည် ယနေ့ နံနက် (၁၁) နာရီအချိန်က ရန်ကုန်အရှေ့ပိုင်းခရိုင် အတွင်းရှိ မြို့နယ် များအား သတင်း မီဒီယာ ဥပဒေ၊ သတင်းမီဒီယာ နည်းဥပဒေ၊ သတင်းမီဒီယာ ကျင့်ဝတ် စာအုပ်နှင့် သတင်းမီဒီယာသမားများ အသုံးပြုရန် ဦးထုပ်များကို ပြန်လည် လှူဒါန်းခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သတင်းမီဒီယာ ဥပဒေ၊ သတင်းမီဒီယာ နည်းဥပဒေ၊ သတင်းမီဒီယာ ကျင့်ဝတ် စာအုပ်နှင့် သတင်းမီဒီယာသမားများ အသုံးပြုရန် ဦးထုပ်များကို ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်စန္ဒာမိုးက မြို့နယ်အတွင်းရှိ သတင်းနှင့် ပတ်သက်ပြီး လုပ်ကိုင်နေကြသော ဝန်ထမ်းများအနေဖြင့် သတင်းမီဒီယာ ဥပဒေစာအုပ်ထဲတွင် ပါဝင်သော ရည်ရွယ်ချက်များ၊ သတင်း မီဒီယာသမားများ၏ ရပိုင်ခွင့်များ၊ လိုက်နာရမည့် တာဝန်နှင့်ကျင့်ဝတ်များ အစရှိသည်တို့ကို လေ့လာဖတ်ရှု လိုက်နာကြရန် ပြောကြားခဲ့ပြီး သတင်းမီဒီယာ ဥပဒေ၊ သတင်းမီဒီယာ နည်းဥပဒေ၊ သတင်းမီဒီယာ ကျင့်ဝတ်စာအုပ်နှင့် သတင်းမီဒီယာ သမားများ အသုံးပြုရန် ဦးထုပ်များ ပြန်လည်လှူဒါန်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။