ညောင်လေးပင် ဇူလိုင် ၁၅
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသော အခြေခံပညာ ကျောင်းများမှဆရာဆရာမ ၁၇၅ ဦးအား ယနေ့ နံနက် ၉ နာရီအချိန်မှစ၍ နေ့လည် ၁၂ နာရီအချိန်အထိ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ရောဂါကာကွယ်ရေး နည်းလမ်းများအတိုင်း အထူးကြပ်မတ်စီစဉ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ဆရာဝန်မကြီး၏ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထား သော ကိုဗစ်-၁၉ရောဂါ ဆိုင်ရာ လမ်းညွှန်ချက်များနှင့်အညီ ကာကွယ်ဆေး ထိုးနှံပေးခြင်းမပြုမီ ပါးစပ်နှင့်နှာခေါင်းစည်း Mask ကို စနစ်တကျတပ်ဆင်စေခြင်း၊ ကိုယ်အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်း၊ အောက်ဆီဂျင်တိုင်းခြင်း တို့ကို ဆောင်ရွက်ပေးပြီးမှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံ ပေးခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်ပြည်သူ့ ဆေးရုံမှ သိရသည်။