တာလေ ဇူလိုင် ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ၊ တာချီလိတ်ခရိုင်၊
တာလေမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ရောဂါကူးစက်လာခြင်းများမရှိစေရေးအတွက် ကျိုင်းတုံ-တာချီလိတ် ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တာလေမြို့တွင် မြို့အဝင်/အထွက်စစ် ဆေးရေးဂိတ်များဖွင့်လှစ်ပြီး ယနေ့နံနက်ပိုင်းမှစတင်၍ ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည် ။
တာလေမြို့တွင် “ကျန်းမာရေးစစ်ဆေးရေးဂိတ်များဖွင့်လှစ်ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ရောဂါသည်တတိယလိုင်းအသွင်ဖြင့် မျိုးဗီဇပြောင်းလဲပြီး ရောဂါကူးစက်ပြန့်နှံ့မှုများ အချိန်တိုအတွင်း မြန်ဆန်စွာဖြစ်ပေါ်နေခြင်း၊ တာလေမြို့နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် တာချီလိတ်မြို့တွင် ရောဂါပိုးကူးစက်မှုများ နေ့စဉ်မြင့်တက်နေခြင်းတို့ကြောင့် အနယ်နယ်အရပ်ရပ်မှ ခရီးသွားမိဘပြည်သူများမှတဆင့် ရောဂါကူးစက်ပြန့်နှံ့လာခြင်းများမဖြစ်ပေါ်စေရန် ကိုယ်အပူချိန်တိုင်းတာခြင်း၊နှာခေါင်းစည်း(Mask)များ တပ်ဆင်သွားလာခြင်းရှိ/ မရှိ စစ်ဆေးခြင်းနှင့် မော်တော်ယာဉ်များအား ခရီးသွားမှတ်တမ်းကောက်ယူခြင်း၊ မိမိနေထိုင်ရာဒေသမှ ခရီးသွားထောက်ခံချက်ပါ မပါ စစ်ဆေးခြင်းနှင့် ခရီးသွားရာဇဝင်မှတ်တမ်းရေးသွင်းခြင်းများကို မြို့အုပ်ချုပ်ရေးမှူး ဦးချစ်ကို ဦးဆောင်၍ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နှင့် တာလေမြို့ လောကပါလလူမှုကူညီရေးအသင်းတို့က ပူးပေါင်းအဖွဲ့ဖြင့် အလှည့်ကျတာဝန်ယူကာနံနက် ၈ နာရီမှ ညနေ ၁၆:၃၀ အချိန်ထိ ကျန်းမာရေးစစ်ဆေးခြင်းလုပ်ငန်းများကို နေ့စဉ်အရှိန်အဟုန်မပြတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်ကျော်မိုး